6

6.3K 904 50
                                    

ပွဲရဲ့ လူရှင်းတဲ့ ​နေရာငယ်တစ်ခု ... ​

ရှောင်ကျန့်တစ်​ယောက်ထဲ ထိုင်​နေရင်း ​ဘေးနားက အပိုစားပွဲ​ပေါ်မှာ ရှိ​နေတဲ့ ဝိုင်ခွက်​တွေကို ဆွဲဆွဲ​သောက်​နေတာ ဘယ်နှစ်ခွက်​မြောက်လဲ မသိ​တော့ ... ။

ဒီလို စိတ်ရှပ်စရာ စကား​တွေ ကြားလာမယ်မှန်းသိရင် အဖွားဝမ်ဆီက ​ရှောင်ထွက်မလာပါဘူး ။

နက်ကတိုင်ကို အနည်းငယ် ​ဖြေ​လျော့ရင်း သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်တယ် ။

* ကြားထားသမျှ ပါသွားရင် ​​ကောင်းမှာဘဲ *

.
.
.

လွန်ခဲ့တဲ့ မိနစ်၃၀​​ခန့် ...

ရှောင်ကျန့် ခဏ​လေး အဖွားဝမ်ဆီက​နေ လှည့်ထွက်ပြီး တစ်​ယောက်ထဲ ​ခြေဦးတည့်ရာ ထွက်လာခဲ့တယ်။

ခန်းမရဲ့ ဒုတိယထပ်​​ရောက်​တော့ စင်္ကြန်​လမ်းကို ​လျှောက်လာရင်း ဟိုဟို ဒီဒီ ​ရှာကြည့်​နေတယ်။

သူ ရှာ​နေတာ ​အေး​အေး​ဆေး​ဆေးနဲ့ ခဏ​​လောက် ​နေလို့ရမဲ့​နေရာ​လေး ... ။

" ဟဲ့ ... နင်သိပြီးပြီလား "

​ကျော့ကျော့​မော့​မော့က​လေး ဝတ်စားထားတဲ့ မိန်းက​လေး နှစ်​ယောက် toilet ထဲက ထွက်လာပြီး ​ရှောင်ကျန့် ​ရှေ့က ​လျှောက်လာတယ် ။

စင်္ကြန်တစ်လမ်းထဲ ရှိတာကို ​ရှောင်ကျန့် ​ရှောင်သွားလို့လဲ မ​ကောင်းတာမို့ အ​နောက်က​နေဘဲ လိုက်​လျှောက်လိုက်တယ် ။

" ဘာကို သိပြီးရမှာလဲ ?"

" ​ချောင်ချန်​ကွေ့​အ​ကြောင်း​လေ "

" သူက ဘာဖြစ်လို့လဲ "

" အဲ့ ...  နင် မသိ​သေးဘူး​လား​
ချောင်ချန်​ကွေ့နဲ့ဝမ်ရိ​ပေါ်သခင်​လေးအ​ကြောင်း​လေ"

"သူတို့က ဘာ​အ​ကြောင်းရှိလို့လဲ "

" မိန်းမိန် မသိဘူးလား ... အဲ့ဒီ ​​ချောင်ချန်​ကွေ့က ဝမ်အိမ်က​နေ ထွက်လာတာ ကြာပြီ ​လေ ... အဲ့ဒီထွက်မလာခင်တုန်းက ဘာဖြစ်ဲ့လဲ သိလား "

" ဘာဖြစ်ခဲ့လို့လဲ "

" ချောင်ချန်​ကွေ့ က ဟုန်ဟွားနဲ့ မ​တွေ့ခင်က ဝမ်သခင်​လေးနဲ့ ဇာတ်လမ်း​တွေ ဖြစ်ခဲ့​ကြတယ်​လေ  "

Dare you marry me ? (complete)Where stories live. Discover now