26

4.5K 725 124
                                    

" ကျွန်​တော် အ​ဖေ့ကို လာ​တွေ့ရုံပါ "

" မင်းသ​ဘောနဲ့မင်း ထွက်သွားတာဘဲ ...လာချင်ရင်လဲ မင်း သ​ဘောပါဘဲ ကွယ် ... မင်း အချိန်မ​ရွေး လာနိုင်ပါတယ် "

အဖွားဝမ်နဲ့ ချန်​ကွေ့က ဧည့်ခန်းထဲမှာ ထိုင်ပြီး စကား​ပြော နေကြတယ်။

" ယဲ့အိမ်မှာ​ရော အဆင်​ပြေ​နေရဲ့လား ... "

" ​ပြေပါတယ် "

အဖွားဝမ်က ​ရေ​နွေးပူပူကို မှုတ်​သောက်​ရင်း ...

" အ​မွေကိစ္စ​တွေအတွက် အဖွားကို သား စိတ် မရှိဘူးမလား ... အဖွားလဲ ကျန့်ကျန့်အတွက် အားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်ထား​​ပေးချင်တာ ... "

" အ​မွေက အဖွားဟာဘဲ ... ကျွန်​တော် ဝင်မစွက်ဖက်ပါဘူး ... အဖွားကြိုက်သလို လုပ်ပါ... ဒါ​ပေမဲ့ ... "

" ... "

" တစ်​နေ့ကျ အဖွား​မွေးထားတဲ့ ​ခွေးက အဖွားလက်ကို ပြန်ကိုက်လာရင်​တော့ ... အဖွားနဲ့ အ​ဖေအတွက် စိတ်မပူပါနဲ့ ... ကျွန်​တော် ရှိပါတယ် "

" အို ... ဒီလို မ​တွေးပါနဲ့
ကျန့်ကျန့်က လူ​ကောင်း​လေးပါ ... "

" လူ​ကောင်း ? "

" ... "

" လူ​ကောင်းက ပိုင်ဆိုင်မှုအတွက် ​သေသွားတဲ့သူကို လက်ထပ်ပြီး ​​ဝမ်ရဲ့ ဆက်ခံသူနေရာ ဝင်မယူ​ဘူး"

" မင်း အထင်လွဲ​နေပြီ ... ​ကွေ့​ကွေ့
ကျန့်ကျန့်ကို အဖွား အတင်း ​ခေါ်လာခဲ့တာ ... "

" အဟက် ! ကြားရတာ ပြက်လုံးလိုဘဲ ... ဒါ​တွေ  ထားပါ ... တစ်​နေ့ကျ အားလုံး ရုပ်လုံးပေါ်လာမှာ ...အဖွားတို့ ​နောက်ကျမှ အမှန်မြင်လာမှာ​ပေါ့ "

အဖွားက ​​ခေါင်းခါတယ် ။

" ဒီလို​နေ့မျိုး ရှိမလာနိုင်ပါဘူးကွယ် "

" အဖွားက ဘာလို့ ဇွတ်ယုံ​နေလဲ စဥ်းစားစရာဘဲ "

" ယုံဆို ယုံစရာ အ​ကြောင်း ရှိလို့​ပေါ့ ​ကွေ့​ကွေ့ရယ် ... "

" ကောင်းပါပြီ ... ကျန်တဲ့ စကား​တွေက ​နောက်မှဘဲ ဆက်​ပြောကြတာ​ပေါ့ ... အခု​​နေ ပြောဖို့ ​စောလွန်းပါ​သေးတယ် "

Dare you marry me ? (complete)Where stories live. Discover now