46

5.1K 667 40
                                    

{ အ​ကြောင်းအရာ​တွေ အားလုံး ဆရာ​ရှောင်း သိပြီး​နောက်မှာ ... ကျွန်​တော် ​သေချာ​ပေါက် ​ပြောချင်တာ ရှိပါတယ် ။

ဆရာ​ရှောင်း ခင်ဗျာ ...

လူတစ်​ယောက်ရဲ့ အချစ်ကို ဘယ်ပေတံနဲ့ တိုင်းတာတယ်ဆိုတာ ကျွန်​တော် မသိ​ပေမဲ့ ... ကျွန်​တော်က​တော့ အကြိမ်​ရေ​နဲ့ ​ပြောပါရ​စေ ... ။

ရိ​ပေါ်​​လေးက ဆရာ​ရှောင်း တစ်​ယောက်ထဲကို သုံးကြိမ်တိတိ ချစ်ခဲ့ပါတယ် ။

သူက ဘာကိုမှ မသိ မမှတ်မိ​တော့ရင်​တောင် ...

က​လေးဘဝတုန်းက တစ်ကြိမ် ...

သရဲ​​လေး ဘဝတုန်းက တစ်ကြိမ် ...

လူသား​​​လေး ဘဝမှာ ​နောက်ထပ်တစ်ကြိမ် ...

သုံးကြိမ်တိတိ သူ့ နှလုံးသားက ဆရာ​ရှောင်း တစ်​ယောက်ထဲကိုဘဲ ရွေးချယ်ခဲ့ပါတယ် ။

သူ့ နှလုံးသားက ဆရာ​ရှောင်းကို​တော့ အမြဲ သိ​နေခဲ့ပါတယ် ။

ဘယ်သူဘယ်ဝါမှန်း သူ မသိတာ​တောင် သူရဲ့ မျက်နှာမူရာအရပ်က ဆရာ​ရှောင်း ဖြစ်​နေခဲ့တယ်။

.
.
.

ဒီက​လေးက ဆိုးတယ် ။

တစ်ခါတစ်​​လေ ဂျစ်ကန် ကန်လဲ နိုင်လိမ့်မယ် ။

တလွဲ ​ပေါက်ကရ​တွေလဲ လုပ်ရင် လုပ်လိမ့်မယ် ။

သူ့ ပုံစံကို ကြည့်ပြီး မ​လေးနက်လွန်း လိုက်တာလို့လဲ ထင်ရလိမ့်မယ် ။ သူ့ စကား​တွေ နား​​ထောင်ပြီး ​ပေါ့ပျက်လွန်းလိုက်တာ ​တွေးမိလိမ့်မယ် ။

ဒါ​ပေမဲ့ ...

မထင်မှတ်​လောက်​အောင်ဘဲ သူ့ နှလုံးသား​က​တော့ တည်ငြိမ်ပြီး သစ္စာ ရှိလွန်းတယ် ။ တစ်​ယောက်ဆို တစ်​ယောက်ဘဲ စွဲ​နေ​အောင် ချစ်တတ်လွန်းတယ် ။

အကယ်၍ သူ အရာအားလုံးကို ​နောက်တစ်ခါ ထပ်​ မေ့သွားရင်​တောင် ... နောက်တစ်ခါ ဆရာ​ရှောင်းကိုသူ မြင်ရင် ...

Dare you marry me ? (complete)Where stories live. Discover now