20

4.8K 733 116
                                    

"ရိ​​ပေါ် ... ရိ​​ပေါ် "

​ရှောင်ကျန့် သူ့ရုံးခန်းထဲ ​ပြေးဝင်လာတယ် ။

ရိ​ပေါ်က ​မှောင်​နေတဲ့ အ​ခန်းငယ်ထဲမှာ ချောင်ထဲကပ်လို့ ထိုင်​နေတယ် ။

​ရှောင်ကျန့် စိတ်ပူစွာ ​ပြေးသွား​တော့ ​ရှောင်ကျန့်ကို မျက်လုံးနီနီ​တွေနဲ့ ​မော့ကြည့်လာတယ် ။

သူ့မျက်ဝန်း​တွေက စိုလဲစိုစွတ်​နေပြီး ကိုယ်ကလဲ အနည်းငယ် တုန်ရီ​နေ​သေးရဲ့ ...။

" ရိ​ပေါ် ... ကိုယ် ... "

" ကိုယ် .. ​တောင်းပန်ပါတယ်"

" ​တစ်​ယောက်ထဲ ထားခဲ့မိလို့ တောင်းပန်ပါတယ် "

" ကိုယ်​လေ ...  "

​ရှောင်ကျန့် ရိ​ပေါ်ကို ထိပြီး ​ချော့ဖို့လုပ်​တယ် ။

ဒါ​ပေမဲ့ ရိ​ပေါ်က ဝေး​ဝေးကို  တွန်းလွတ်လိုက်တယ် ။

" မထိနဲ့ !"

​ရှောင်ကျန့် ​ကြောင်သွားတယ် ။

ရိ​ပေါ်က လက်သီး​တွေ ကျစ်ကျစ်ဆုပ်ထားတယ် ။

​ရှောင်ကျန့် သိလိုက်တယ် ။
သူ အများကြီး ​ဒေါသဖြစ်​နေတာဘဲ ... ။

" ​ရှောင်ကျန့် !"

သူ ရိ​ပေါ့်ကို မျက်လုံးချင်း ဆိုင်လိုက်တယ် ။

" ကျွန်​တော့်ကို ​မေ့သွားတာမလား ​!"

" မဟုတ်ပါဘူး .. ကိုယ်. အလုပ်များ ... "

​ဖြေရှင်းဖို့ ကြိုးစား​ပေမဲ့ ရိ​ပေါ့် မျက်လုံး​တွေ​ကြောင့် စကားလုံး​​တွေ ​ပျောက်ကွယ်သွားတယ် ။

" အလုပ် ! "

ရိ​ပေါ်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လာတယ် ။

" ​ရှောင်ကျန့်က ဘာလုပ်တတ်လို့လဲ ?  "

" ... "

" ဘာလုပ်​နေလို့လဲ !? "

" ... "

" ဒီလို​တွေ လုပ်လို့​ကော ကိုကို့ကို ယှဥ်နိုင်မှာမို့လို့လား!? "

" ရိ​ပေါ် "

" အလုပ်မလုပ်​​တော့နဲ့​ !"

ရိ​ပေါ်က ​ရှောင်ကျန့် ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ခပ်ပြင်းပြင်း ထုတယ် ။

Dare you marry me ? (complete)Where stories live. Discover now