10

5.2K 800 76
                                    

" ဒီ​နေ့ ကျွန်မ မွေး​နေ့ "   

ပူ​နေတဲ့ ​ကော်ဖီခွက်ကို တင်းတင်း ဆုင်ကိုင်ရင်း ​သူမ ပြောလိုက်တယ် ။ ခဏ​တော့ တိတ်ဆိတ်သွား​ပေမဲ့...

သတင်းစာ ဖတ်​နေရာက​နေ ​မော့​တောင် ကြည့်မလာတဲ့ သူရဲ့ ပြန်လာတဲ့ စကားက...

" အင်း "

* အင်း * ထပ်ပြီး ဒီတစ်ခွန်းထဲ ... ။

"ဒီတစ်ရက်​တော့ ကျွန်မကို အချိန်​ပေးပါ "

မျက်မှန်​ဘောင်က​နေတစ်ဆင့် မျက်လုံး​တွေ ဝင့်ကြည့်လာတယ် ။ ဒီအတိုင်း ​အေးစက်စက် ...

" ငါ မအားဘူး ... ဒီ​နေ့ စက်ရုံဆင်းရမယ် "

မိန်းက​လေးက တိတ်ဆိတ် ငြိမ်သက်သွားတယ် ။

မနက်စာ စားဝိုင်းက ​အေးစက်​လွန်းနေ​ပေမဲ့ ဒီဝိုင်းမှာ ထိုင်​နေတဲ့ သူနှစ်​ယောက်က ​အေးစက်မှု​တွေနဲ့ဘဲ အသားကျ​နေသလို ... ။

" ​ကောင်းပါပြီ ...
အိမ်ပြန်လဲ ​​ထပ်ပြီး နောက်ကျဦးမှာမလား"

" အ​ခြေအ​နေအရဘဲ "

ခပ်ပြတ်ပြတ်​ပြောပြီးတာနဲ့ စကားဆက်စရာ မရှိ​တော့သလို သူ ထထွက်သွားတယ် ။

" ချန်​ကွေ့ !"

ဟုန်ဟွား ​ဒေါသကို ​မြိုသိပ်လို့ ထိုင်​နေရာက​နေ လှည့်မကြည့်ဘဲ ​ခေါ်လိုက်တယ် ။

" ရှင်က ကျွန်မကို ​နောင်တမရ​စေတဲ့သူဘဲ "

" ဒီ​ကောင်​လေး ​သေသွားတာ ​အရမ်းကောင်းတယ် "

.
.
.

ချန့်​ကွေ့ ဘာစကားမှပြန်မ​ပြောဘဲ ထွက်သွားတယ်။

မနက်စာ စားပွဲဝိုင်း​လေး​မှာ ဟုန်ဟွားတစ်​ယောက်ထဲ ထပ်မံ ကျန်ခဲ့တယ် ။ နာရီသံ တစ်ချက်ချက်သာ ကြားတယ် ​။

ဒါ​တွေဟာ ဖြစ်နေကျ ​နေ့ရက်​တွေပါဘဲ ...။

____________
___________♡

"အလုပ်ကို အတူတူ လိုက်ခဲ့မယ်​လေ​​နော် "

ရိ​ပေါ်က ထူးထူးဆန်းဆန်း ​ရှောင်ကျန့် အလုပ်သွားမဲ့ ကား​လေးနားမှာ ရပ်​ပြီး ​ပြောလာတယ် ။

Dare you marry me ? (complete)Where stories live. Discover now