15

5K 758 52
                                    

" သူ့ရဲ့ ဝိဥာဥ်က ရှိ​နေ​သေးတယ်"

" ​သေသွားတဲ့ သူဘဲ ...
သရဲဖြစ်​နေတာ ဆန်းသလား"

" ငါ မလိုချင်ဘူး ...
အဲ့ဒီလို ဖြစ်​နေတာ မလိုချင်ဘူး"

" အဲ့​တော့  ဘာလုပ်​ပေးရမှာလဲ "

" ဝူ​ဖော ... သူမကို သိတယ်မလား
သရဲ၊ ဝိဥာဥ်​တွေနဲ့ ပတ်သက်​နေတဲ့ သူ​လေ "

.
.
.

" သိတယ် "

" သူမဆီ သွားလိုက် ...
အဲ့ဒီ ဝိဥာဥ်ကို ဖျက်ဆီးနိုင်မဲ့ နည်းလမ်းကိုရှာ ..."

" ဘာလို့လဲ ...
ဝိဥာဥ်က ရှင့်ကို ​ကြောက်လန့်​စေတာလား"

" မင်းအတွက်လဲ အသုံးမဝင်ဘူး​လေ
သူ ရှိ​နေရင် မင်းလဲ မကြိုက်ဘူးမလား "

.
.
.

"​ကောင်းပြီ​​လေ "

မိန်းက​လေးက အခန်းထဲက ထွက်သွားဖို့ လုပ်တယ်။

"​နေဦး "

" ဘာလဲ ?"

" နှုတ်လုံပါ​စေ​နော် ... မင်းရဲ့ လုပ်ငန်း​တွေက ငါ့လက်ထဲမှာ​ဆိုတာ သိတယ်မလား  "

" နားလည်ပါတယ် "

ထိုလူက ​​အေးစက်စက် ပြုံးတယ် ။
မိန်းက​လေးက အခန်းထဲက ထွက်သွားတယ်။

အဲ့ဒီလူက ပြဇာတ်​ရေးမယ် ဆိုတယ် ။

မျက်စိမှိတ်ထားခြင်းခံရတဲ့ အမျိုးသမီးရဲ့ ချိန်ခွင်က​တော့ လှုပ်လိလှုပ်ယဲ့နဲ့ရယ် ... ။

___________
__________◇

" လူ​​​​တော်​တွေ သိပ် မရှိတော့ပါဘူး "

အလုပ်သမား ကြီးကြပ်​ရေးက ဆရာမန်က ​ပြောတယ်။

" ဆရာ​ချောင် ယဲ့ဘက် ပြောင်းသွားတုန်းက ဝမ်ရဲ့ ထူးချွန်တဲ့ သူတစ်ချို့က ယဲ့ဘက်ကို လိုက်ပါသွားပါတယ်"

ဆရာ​မန်က ​​ရှောင်ကျန့်က ​နွေဦးပြိုင်ပွဲအတွက်ကို သိပ်မ​မျှော်လင့်​စေချင်ဘူး ။

ဘာလို့ဆို ​ရှောင်ကျန့်က လူသစ်ဖြစ်​နေတဲ့အပြင် အထည်ရုံမှာလဲ ​တော်တဲ့သူ​တွေ မရှိသ​လောက် ဖြစ်​နေလို့ ... ။

Dare you marry me ? (complete)Where stories live. Discover now