22

4.7K 732 99
                                    

" ကျန့်​ကော ဖျားပြီ "

ရိ​ပေါ် တစ်​ယောက် မနက်စော​စော ထလို့
ကျန့်​ကော နဖူး​လေး ထစမ်းပြီး ​ပြုံးရွင်နေတယ်။

" ကဲ အခု ဘယ်ကစရမလဲ "

" ဟုတ်ပြီ "

ရိ​ပေါ် အိပ်ယာ​​ပေါ်က ထပြီး အဖွား အခန်းထဲ သွားလိုက်တယ် ။ အိပ်​ပျော်​နေတဲ့ သူမနားနားကပ်ပြီး...

" ဖွားဖွား​ရေ ... ​ကျန့်ကော ဖျား​နေပြီ
အဲ့တာ သား ပြုစု​ပေးချင်လို့ ... ကူညီပါဦး "

အဖွားက မျက်လုံးပွင့်ပြီး ဆတ်ခနဲ နိုးလာတယ် ။

" ကျန့်ကျန့် ဖျား​နေတယ် ?
အင်း ... အင်း ... ဖွားဖွား ... လုပ်​ပေးမယ်"

အဖွားက ပျာယာပျာယာနဲ့ ​အောက်ဆင်းသွားတယ်။

ရိ​ပေါ် ကျန့်​ကော အခန်းဆီ ​ပြန်လာခဲ့တယ် ။

.
.
.

အခန်းထဲ ​ရောက်​တော့ ကျန့်​ကောက ​စောင်​ထဲ ​ကွေး​နေတယ် ။ မျက်နှာ​လေး နီရဲ​နေပြီး ဖျား​နေတဲ့ ယုန်လူသားကြီးက အရမ်း ချစ်စရာ​ကောင်းတာဘဲ ... ။

" ​ဒေါက် !"

" ​ဒေါက် !"

တံခါးဖွင့်လို့ အဖွားဝင်လာတယ် ။

မျက်နှာသစ်တဲ့ ဇလုံ​လေးရယ် ၊ ဆန်ပြုတ်ပူပူလေး တစ်ခွက်ရယ် ၊ ​ဆေးတစ်ချို့ပါလာတယ် ။

အိမ်အကူ ​ကောင်မ​လေးက လာချ​ပေးပြီး​တော့ ပြန်ထွက်သွားတယ် ။ အဖွားက ကျန့်​ကော နဖူးကို  စမ်းပြီး​တော့ ​သူ့ဓါတ်ပုံကို ကြည့်ရင်း ...

" ကျန့်ကျန့် တကယ် ဖျား​နေပြီဘဲ "

"​ ​မြေး​လေး ​ကောင်း​ကောင်း ပြုစု​ပေးလိုက်​​နော်
အဖွား ​နေ့လည်ကျရင် ဆရာဝန် ​​​ခေါ်​ပေးမယ်  "

" လိုတာ ရှိရင်လဲ ဖွားဖွားကို​ပြော ... ဟုတ်ပြီလား"

" ဟုတ်ကဲ့ "

အဖွားက တံခါးပိတ်ပြီး ပြန်ထွက်သွားတယ် ။

အခန်းထဲမှာ သူတို့ နှစ်​ယောက်ဘဲ ကျန်တယ် ။

ရိပေါ် ကျန့်​ကော ​ခုတင်​ဘေးမှာ ဝင်ထိုင်လိုက်တယ်။

ခဏ ကြည့်​နေတယ် ။

Dare you marry me ? (complete)Where stories live. Discover now