39

4.4K 632 65
                                    

" ဟတ်ချိုး !"

" ကိုယ် ပြောတယ်မလား ... ဖျား​တော့မှာဆို ... "

" မစား​တော့ဘူးဗျာ ... မစား​တော့ဘူး "

ရိ​ပေါ်က စွပ်ပြုတ်ပန်းကန်ကို အ​ဝေးကို တွန်းထုတ်လိုက်တယ် ။

" တကယ်ဘဲ နားငြီးလာပြီ "

" ဖျားမှာလို့ ကျွန်​တော် သိ​နေသားဘဲ ...
တမင် အဲ့လို ဖျား​အောင်ဘဲ လုပ်တာ​လိုက်​လေ ... "

" ​ကောင်းပြီး ... မ​ပြော​တော့ဘူး ... ဒီပန်းကန်ထဲက စွပ်ပြုတ်​တော့ ကုန်​အောင် ​သောက်လိုက်ပါ ... ပြီးရင် ​​ဆေး​သောက်ရမယ် "

ရိ​ပေါ်က စွပ်ပြုတ်ခွက်ကို ကြည့်လိုက်တယ် ။

ပြီး​တော့ ကျန့်​ကောကို ကြည့်တယ် ။

" လက်နာ​နေပြီ ... ဇွန်းမကိုင်နိုင်​တော့ဘူး "

" ... "

" ခွံ့ "

" ... "

" မဟုတ်ရင် မစား​ဘူး "

ရိ​ပေါ်က လက်ပိုက်ပြီး ​ခေါင်းကို တစ်ဖက်ကို လှည့်လိုက်တယ် ။

.
.
.

" ​ကောင်းပြီ ... ခွံ့​မယ် "

အဲ့​တော့မှ လှည့်လာတယ် ။

.
.
.

" ပူတယ် ... မှုတ်​ပေးဦး "

" အသားဖတ် ထပ်​ထည့်​ပေး ..."

" ​နောက်တစ်ဇွန်း ... "

" ဘယ်ဝမလဲဗျာ ... ထပ်ထည့် "

​နောက်ဆုံးမှာ​တော့ ရိ​ပေါ့်ကို စွပ်ပြုတ် သုံးခွက်​အောင်​အောင် မြင်မြင် တိုက်လို့ပြီး သွားတယ် ။

အိပ်ခန်းထဲမယ် ...

" ​ဆေး​သောက်ရမယ် "

" ဟင့်အင်း ... မ​သောက်ဘူး "

" ဝမ်ရိ​ပေါ် .. မင်း ရစ်ပြန်ပြီ "

" ​ဆေး​သောက်ပြီးရင် အိပ်ရမှာ​လေဗျာ ... ဒီ​လောက် ကျယ်တဲ့ ခုတင်​ပေါ် ကျွန်​တော် တစ်​ယောက်ထဲ ..."

ရိ​ပေါ်က ​ခေါင်းခါလိုက်တယ် ။

" ​အေးတယ် ... မအိပ်နိုင်ဘူး ...
အဲ့ဒီအစား လေညင်းဘဲ သွားခံတော့မယ် "

Dare you marry me ? (complete)Where stories live. Discover now