16

4.5K 707 72
                                    

" အဲ့တာဆို ဗာလီဆာက​လေးက နန်း​တော်က ဘုရင်ကြီးနဲ့ ညားသွားတာ​ပေါ့နော် "

" ဟုတ်တယ် ရိ​ပေါ်ရဲ့ .. ​နောက်ဆုံးအချိန်ထိ ​အတူတကွ ပျော်ရွှင်စွာ ​ပေါင်းဖက်သွားကြ​လေသတည်းတဲ့​လေ"

" ​ပျော်စရာ အဆုံးသတ်​လေးဘဲ "

" အင်း အဆုံးသတ်​ကောင်း​လေး "

.
.
.

အိမ်​ရဲ့ အ​နောက်ဘက်ခြံမှာ ​လေ​​နွေး​နွေး​​လေး​တွေ တိုက်​နေတယ် ။ ​နွေဦးရာသီမို့ တိုက်တဲ့​လေ​က အ​နွေးဓါတ်က​လေးပါတယ် ။

သာယာတဲ့ အဲ့ဒီ​နေရာက​လေးမှာ ​ရှောင်ကျန့်က ရိ​ပေါ်ကို သူ့​ပေါင်​​ပေါ် လှဲအိပ်​စေပြီး ပုံပြင်​ပြောပြ​နေတာ...။

သူတို့ နှစ်​ယောက်က လွှဲဒန်းက​လေးမှာ အတူတူ ​ထိုင်​နေတာ ကပ်သီးကပ်သပ်နဲ့ရယ် ... ။

" ကျန့်​ကော ..."

" ဗျာ "

" ဗာလီဆာက​လေးက ကံ​ကောင်းလိုက်တာ​နော် ... သူမကို ချစ်​တဲ့ ဘုရင်ကြီး ရှိတယ်"

ရိ​ပေါ်က ရုတ်တရက် အဲ့ဒီလို​လေး ​ပြောတယ် ။
ဒါ​ပေမဲ့ ဒီစကားက ​ရှောင်ကျန့်နဲ့ အနည်းငယ်​တော့ လွဲ​နေတယ် ။

" ဗာလီဆာက​လေး ကံ​ကောင်းတာ ဘုရင်ကြီးနဲ့ ​တွေ့လို့ ဆိုတာထက် သူ့မအနားမှာ ဘာလိုလို ဖြည့်ဆည်း​ပေးမဲ့ အရုပ်က​လေး ရှိ​နေလို့ဆိုတာ ပိုမှန်မယ် ရိ​ပေါ်ရဲ့ '

" ဟင် ?  ဘာလို့လဲ ... ကျန့်​ကော "

" ဘာလို့ဆို​တော့ ... သူမရဲ့ အ​မေ​ပေးထားခဲ့တဲ့ အဲ့ဒီအရုပ်က​လေးက သူမရဲ့ ဆိုးရွားတဲ့ အချိန်​တွေတိုင်းကို အလွယ်တကူ ဖြတ်​ကျော်နိုင်​အောင် အစွမ်းနဲ့ ကူညီ​ပေးခဲ့တာ​လေ "

" ... "

"​ ဗာလီဆာ ခက်ခဲချိန်တိုင်းမှာ အမြဲကူညီ​ပေးတဲ့ ရှိ​နေ​ပေးတဲ့ အရုပ်​လေးက ဗာလီဆာကို အချစ်ဆုံး ဖြစ်မှာဘဲ "

" ကျန့်​ကောရာ ... အရုပ်က​လေးက သက်မဲ့​လေ ... ဘယ်လိုလုပ် ချစ်မှာလဲ ...

ပြီး​တော့ အဲ့တာက သူမ အ​မေ​ပေးထားခဲ့တဲ့ ပစ္စည်း *မိခင်​​မေတ္တာရဲ့  ​ကောင်းချီး* လို့ ​ပြောထားတာဘဲ "

Dare you marry me ? (complete)Where stories live. Discover now