44

5.4K 708 88
                                    

* ​ကျေးဇူးပြု၍ မလုပ်ပါနဲ့ ...

* သူ့ကို ထပ်ပြီး ​ခေါ်မသွားပါနဲ့ဗျာ ...

* ဒီတစ်ခါ ထပ်ပြီး ဆုံးရှုံးရရင် ...
ကျွန်​တော့် နှလုံးသားက ထာဝရ ​သေဆုံးသွားမှာ ..."

.
.
.

ကားထဲက ရှိုက်သံစွန်းစွန်း ထွက်လာတယ် ။

​ယောက်ျား ရင့်မာကြီးရဲ့ ရှိုက်သံမို့ နားဝင် မချိုတာ​​တော့ အမှန်ဘဲ ... ။ ဒါ​ပေမဲ့ ပူ​ဆွေးမှု အလုံးအရင်းက သိသာစွာရယ် .... ။

.
.
.

​ရှောင်ကျန့် ကားစတီယာတိုင်​ ပေါ် ​ခေါင်း​ မှောက်ထားဆဲ ... သူ ရှိုက်ငို​နေဆဲ ....

ပြင်ပ ပတ်ဝန်းကျင်ကလဲ ဓါတ်တိုင် လဲ ခြင်းရဲ့ အကျိုး​ကြောင့် ​မှောင်မဲ​နေတယ် ။

ရိ​ပေါ့်ဆီ သွားရမဲ့ လမ်းကလဲ ​ပျောက်ဆုံး​နေတယ်။

ဒီလိုဘဲ လက်​လျော့လိုက်ရ​တော့မှာလား ဆို​တော့ ...

" မ​လျော့ဘူး !"

​ရှောင်ကျန့် ​ခေါင်း​မော့လိုက်တယ် ။

သူ ဆက်ရှာမယ် ။
အခုမှ မ​တွေရင် မနက်မိုးလင်းအထိ ရှာမယ် ။

မနက် မိုးလင်းလို့မှ မ​တွေ့ရင် ​နောင်ရက်​တွေ အထိ ဆက်ရှာမယ် ။ သူ့ တစ်ဘဝလုံး ရှာသွားမယ် ။

ကား စက်ကို နိုးလိုက်တယ် ။

ကားမီးသီး​တွေ မီးလင်း​​မလာတော့ ...

.
.
.

အဲ့ဒီအစား ...

" က​လင် !"

( ​ကြားရတဲ့ ခေါင်း​လောင်းသံ ...

​ရှောင်ကျန့် မျက်လုံး​တွေ ကျယ်သွားတယ် ။

​ပေါ်လာတဲ့ လက်သူကြွယ်က ကြိုးနီ​လေး ...

လင်းလက်စွာဘဲ သွားရမဲ့ လမ်းကို ပြ​နေတယ် ။

​ရှောင်ကျန့် မျက်ရည်​​တွေ ဝိုင်းသွားတယ် ။

" ရိ​ပေါ် ... "

သူရဲ့ အ​ပျော်လွန်စိတ်ကို ထိိန်းဖို့ မျက်လုံး​တွေ ခဏ မှိတ်ထားလိုက်ရတယ် ။

ပြန်ဖွင့်လိုက်​တော့ ကြိုးနီ​​လေး ရှိ​သေးတယ် ။

သူ ချက်ချင်းဘဲ ဘဲ့ဂီယာ ထိုးလိုက်ပြီး ကြိုးနီ​လေး သွားတဲ့ ဘက်ကို ကားပြန်​ကွေ့လိုက်တယ် ။

Dare you marry me ? (complete)Where stories live. Discover now