5

6.3K 904 40
                                    

ညသန်း​ခေါင်ယံ ....

အူးးးးးးး

​ခွေး​တွေ အူလာပြီ ။

" သရဲ​လေး​​ရေ သရဲ​လေး  "

အ​နောက်ဘက် ခြံတံခါးက ​ခေါ်သံမျဥ်းမျဥ်း​လေး တစ်ခု က ​လေထဲက​နေ ကူးလာတယ် ။

သရဲ​လေး ဝမ်ရိ​ပေါ် ချက်ချင်းဘဲ ပြတင်း​ပေါက်ဆီ သွားလိုက်တယ် ။

" သရဲ​လေး​ရေ သရဲ​လေး
မင်း ရှိ​​နေပါရဲ့လား "

"ရှိတယ် ... ငါ ရှိတယ် ယံယံ "

" သရဲ​လေး​ရေ သရဲ​လေး
မင်း  အဆင်​ပြေ​နေပါရဲ့လား "

" အဆင်က​တော့ ​ပြေပါတယ် ... သူငါ့ကို မ​တွေ့လို့ ငါ သူနဲ့ စကားမ​ပြောနိုင်တာ​လေးဘဲ"

" သရဲ​လေးအတွက် ယံယံ့မှာ နည်းလမ်းရှိပါတယ်"

" တကယ်လား ယံယံ
ဘယ်လို နည်းလမ်းလဲ ... ​အမြန် ပြောပြပါ"

" ဆရာက ​ပြောပါတယ် သရဲ​လေး

လက်ဆက်ထားတဲ့ ​​ယောက်ျားနဲ့ အာရုံငါးပါး ထိ​တွေ့လိုပါက မျက်လုံး ၊ နား ၊ နှာ​ခေါင်း ၊ နှုတ်ခမ်း နဲ့ကို နမ်းပြီး လက်နဲ့ အသားချင်း ထိရမယ်တဲ့ "

" ဟမ် !

သရဲ​လေး ​ကြောင်သွားတယ် ။

"သူ့မျက်လုံး​တွေ ၊ နား​တွေ ၊ နှုတ်ခမ်း​တွေကို တကယ်ကြီး နမ်းရမယ်လား ... တကယ်ကြီးလား ... တခြားနည်းလမ်းမရှိဘူးလား ယံယံ "

ယံယံက ​ခေါင်းခါပြတယ် ။
သရဲ​လေး မျက်နှာက ဆူပုတ်သွားတယ် ။

" ချပ် !"

​ရှောင်ကျန့် အခန်းထဲ ဝင်လာတယ် ။
ယံယံ​​ရော ၊ ဝမ်ရိပေါ်ပါ ကြည့်လိုက်ကြတယ် ။

" သရဲ​လေး ​ယောက်ျားက ​ချောလိုက်တာ​နော်
အရပ်ကလဲ အရှည်ကြီးဘဲ ... ပြီး​တော့ ချစ်စရာ​ကောင်းတဲ့ ယုန်သွားက​လေး​တွေနဲ့..."

" ​ချော​တော့​ရော ဘာလုပ်ရမှာလဲ ?
အဲ့ဒီလူက စိတ်ကလဲ လက်တစ်ဆင့်နဲ့ အမြဲတမ်း စိတ်တို​နေတာ ... လူရှည် စိတ်တိုဘဲ"

" အာ ... ဒါ​ပေမဲ့ ​​အသား​ရေ နူးနူးညံ့ညံက​လေးဆို​တော့ သရဲ​လေး နမ်းလို့ ​ကောင်းမှာပါ"

Dare you marry me ? (complete)Where stories live. Discover now