14

4.9K 751 131
                                    

"ဖူး ဖူး ဖူး "

ရထားသံ ​​ဂျောက်​​ဂျောက်ဂျက်ဂျက် ... ။

ဒီရထားက အိမ်ပြန်လမ်းကို ဦးတည်တယ် ။

ခရီးတူ​ပေမဲ့ အိမ်ပြန်လမ်း​တွေက ပိုမြန်​နေတတ်တယ်မလား .... ။

" ဖူး "

​ရှောင်ကျန့် သူ့မျက်နှာက ဒဏ်ရာ​တွေကို ​​​လေနဲ့တဖူးဖူးမှုတ်​ပေး​နေသလို ခံစားရတယ် ။ သူ မျက်လုံး​တွေ ဖွင့်ကြည့်လိုက်တယ် ။

နှုတ်ခမ်းတ​ထော်​​​​​ထော်နဲ့ ရိ​ပေါ်က သူ့မျက်စိ​ရှေ့တည့်တည့်မှာ သူ့ဒဏ်ရာ​တွေကို ​လေမှုတ်​ပေး​နေတာ...။

သူ့ မျက်လုံး​တွေ ဖွင့်လာ​တော့ နှုတ်ခမ်းက ဆူ​ပြီး မျက်​စောင်းထိုး​သေးတယ် ။

" မလုပ်နဲ့​တော့ ရိ​​ပေါ် "

သူ တားလိုက်တယ် ။

" ကိုယ် အဆင်​ပြေတယ် "

ရိ​ပေါ်က သူ့ကို မျက်​မောင်းကြုံကြည့်လာတယ် ။

" ဘာအဆင်​ပြေတာလဲ !? ...
မျက်နှာကဖြင့် ဖူး​ယောင်​နေပြီ .. ! "

" ... "

" ထပ်ပြီး မာန​တွေ ကြီးပြန်တာလား !? "

" ... "

​ရှောင်ကျန့် ဒီအချိန်မှာ ပြဿာနာ ဆက်မတက်ချင်​​တော့တာမို့ မျက်နှာလွဲပြီး ​ပြောသမျှ ငြိမ် နား​ထောင်​နေလိုက်တယ် ။

" ဒါက ဘာသ​ဘောလဲ ?!
ကျွန်​တော်နဲ့ စကားမ​ပြောချင်ဘူးဆိုတဲ့ သ​ဘောလား"

" ... "

" ​ရှောင်ကျန့် ! "

" ... "

"​ ​ရှောင်ကျန့် ! ကျွန်​​တော့်ကိုကြည့် !"

" ... "

" ခင်ဗျား အဲ့လို မလုပ်နဲ့​နော် ! "

ရိ​ပေါ်က ​သူ့ကို ပခုံးကို အတင်း ဆွဲလှည့်ပြီး မျက်နှာချင်း ဆိုင်စေတယ် ။

" ဒါဆို ဘာလုပ်​ပေးရဦးမှာလဲ ရိ​ပေါ် !? "

ဒီတစ်ခါ ​ရှောင်ကျန့်​​မေးခွန်းမှာ စိတ်မရှည်ခြင်း​တွေ ပါလိမ့်မယ်။ ရိ​​ပေါ်က စိတ်ဆိုး​နေရာက ချက်ချင်း မျက်ရည်ဝိုင်းသွားတယ်။

Dare you marry me ? (complete)Where stories live. Discover now