27

4K 655 31
                                    

" ​နောက်ကို. အဲ့လို မလုပ်​တော့ဘူး​လေ​နော် "

" ... "

" ဟင် ကျန့်​ကော ... "

" ... "

" ကျန့်​ကော ... "

" ... "

" ​ကော​ကော "

ကျန့်​ကောရဲ့ လက်​မောင်း​လေးကို လက်ညိုးနဲ့ ထိုးကြည့်တယ် ။

တစ်ခုခု ​ပြောလာမလား မျက်လုံး​လေး ဝင့်ကြည့်​ပေမဲ့ ကျန့်​ကောက သူ့ကို လျစ်လျှူရှုထားဆဲ ... ။

ရိ​ပေါ် အခုထိုင်​နေတာ ကျန့်​ကော အလုပ်လုပ်​နေတဲ့ စားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ...

အလုပ်ကိုလဲ မ​ခေါ်ဘဲ အတင်း လိုက်လာသလို အတင်းလဲ ကပ်​နေရတာရယ် ... ။

လက်ညိုးနဲ့ ထိကြည့်တာ ဘာမှ မ​ပြော​တော့ ကျန့်​ကော လက်​မောင်းကို လက်ဖဝါးနဲ့ ထိထားလိုက်တယ်။

အဲ့ဒီက​နေတဆင့် ဆွဲလှုပ်ဖို့ ​တွေးထား​ပေမဲ့ ...

" ​ဒေါက် !"

" ​ဒေါက် !"

* ​အ​နှောက်အယှက် ဝင်လာတယ် *

ရိ​ပေါ် တံခါးဝကို မျက်​စောင်းထိုးလိုက်တယ် ။

" ဆရာ​ရှောင်း ...
အလုပ်သမားကြီးကြပ်​ရေးက မန်ချိဖုန်း ပါ "

" ဝင်ခဲ့ပါ "

ကျန့်​ကောက သူ့ကို ​ရှောင်ကွင်းပြီး ထသွားတယ်။

ရိ​ပေါ် နှာမှုတ်လိုက်တယ် ။

" ဆရာ​ရှောင်း "

" ဆရာမန် ထိုင်ပါ "

အလုပ်ကိစ္စ ​ဆွေး​နွေး​နေတဲ့ တစ်​​လျှောက်လုံး ရိ​​ပေါ် ကျန့်​ကော ခုံမှာ ထိုင်ပြီး ပျင်းတိပျင်းရွဲနဲ့ သူတို့ ​ပြော​နေတာ နားထောင်​နေရတယ် ။

" ကျန့်​ကော ... "

သူ ​နှောက်လဲ ​နှောက်ယှက်​နေ​သေးတာရယ် ... ။

" ကျန့်​ကောလို့ ... ​နောက်မလုပ်ဘူး​လေဗျာ "

" စိတ်ဆိုး​ပြေပါ​​တော့ ..."

.
.
.

" ကျန့်​ကော စိတ်ဆိုး မ​ပြေဘူးလား "

Dare you marry me ? (complete)Where stories live. Discover now