23

4.5K 706 101
                                    

" ကျန့်​ကော မရှိ​တော့ဘူး "

ရိ​ပေါ် ​နေ့လည်ကျမှ အိပ်ယာက နိုးလာတယ် ။

သူ နိုးလာ​တော့ ကျန့်​ကော အိပ်​ယာ​ပေါ်မှ မရှိ​တော့ဘူး ။ ရိ​ပေါ် သူ​ခေါင်းသူ ထုလိုက်တယ် ။

* အအိပ်မက်ချင်ဦး ! *

* အခု​တော့ ကျန့်​ကော နိုးပြီး ထသွားပြီ *

ရိ​ပေါ် ပွစိပွစိနဲ့ နိုးလာတယ် ။

* ကျန့်​ကောရာ ... ဘာလို့ ​​​စော​စောနိုးတာလဲ *

အိပ်ယာ​ပေါ်က ဆင်းလို့ မျက်လုံးကို လက်နဲ့ ပွတ်​ချေရင်း ရိ​ပေါ် တစ်ခါထဲ စဥ်းစားလိုက်တယ် ။

ကျန့်​ကောကို သုံးရက်နဲ့ ​ချော့လို့ မရရင် ယံယံကို ​ပြောပြီး သုံးရက်ပြီး သုံးရက် ဖျားခိုင်းရမှာဘဲ ...။

* မတတ်နိုင်ဘူး​လေ ... *

* ဒါနဲ့ ကျန့်​ကောက သူ လုပ်​ပေးထားတာ​တွေ သိမှသိသွားရဲ့လား မသိပါဘူး *

ရိ​ပေါ်  အခန်းထဲက အမြန်​လေး ထွက်ပြီး အိမ်ထဲပတ်ရှာတယ်။

​နောက်ဆုံး​တွေ့ ​​တော့ ခြံ​လေးထဲမှာ ... ကျန့်​ကောက အ​နွေးထည် အထူကြီး ဝတ်ပြီး စာဖတ်​နေတယ် ။

* နေလဲ ​ကောင်း​သေးတာ မဟုတ်ဘဲနဲ့ ... *

ရိ​ပေါ် တံခါးဝက​နေ ခ​ဏ​လေး​ ​​ချောင်းကြည့်​နေတယ်။

လက်သီး​လေး ဆုပ်ပြီး ​မကြာခဏ ချောင်း တဟွတ်ဟွတ် ဆိုး​နေတဲ့ အ​နွေးထည်ထဲက ကျန့်​ကောက အနီလုံးလုံး​လေး ... ။

ချမ်းလို့နဲ့ တူတယ် ။ တစ်ချက်တစ်ချက် လက်က​လေးပိုက်ပြီး ​နွေး​အောင် ပွတ်သပ်လိုက်​သေးတယ်။

တအား ချစ်ဖို့​ကောင်းတာဘဲ ... ။

ရိ​ပေါ် ကြည့်​နေရင်း ... မရ​တော့ဘူး ... ။

ရိ​ပေါ် မရ​တော့ဘူး ။ သူ တကယ်ကို ဟန်မ​​ဆောင် နိုင်​တော့ဘူး ... ပြန်သွား​ခေါ်​တော့မှာဘဲ။

ရိ​ပေါ် ကျန့်​ကောဆီ ​လျှောက်သွားလိုက်တယ် ။

" ကျန့်​ကော !"

ကျန့်​ကော ​မော့ကြည့်လာတယ် ။

" ကျန့်​ကော ​နေမ​ကောင်းတာ ပထမဆုံးသိတာ ကျွန်​​တော် ... ပြုစု ​ပေးထားတာ ကျွန်​​တော် "

Dare you marry me ? (complete)Where stories live. Discover now