33

4.4K 720 144
                                    

" မင်း အဆင်​ပြေရဲ့လား "

ပြတင်းတံခါးဆီ မျက်နှာမူထားတဲ့ လူနာတစ်​ယောက်ရဲ့ ဖြူ​​လျော့​နေတဲ့ နှုတ်ခမ်းက မြင်ရသူကိုပါ အတိုင်းသား ဝမ်းနည်း​စေတယ် ။

" အားတင်းထားပါကွာ "

" ... "

" မနက်ဖြန်​တွေ အများကြီး ရှိပါ​သေးတယ် "

" ဒါ​ပေမဲ့ သူ မရှိ​တော့ဘူး​လေ "

လာကတည်းက သာမာ​ကြောင်း စကား​တွေ ၊ အား​ပေး စကား​​တွေ တစ်ခွန်းပြီးတစ်ခွန်း ​ပြော​နေတဲ့ ဟိုင်ဖုန်းကို ပြန်လာတာ ဒီစကားတစ်ခွန်းထဲ ... ။

" ငါ့ မနက်ဖြန်​တွေကို အဓိပ္ပါယ်ရှိ​စေမဲ့ သူ ... "

" မရှိ​တော့ဘူး "

" ဒီအတိုင်း ... ငါ့ကို ထားပစ်ခဲ့တာ ... "

ဟိုင်ဖုန်း စကားသံတိတ်သွားတယ် ။

ဝမ်းနည်းစရာ ​ကောင်းလှတဲ့ ဒီ သူငယ်ချင်းရဲ့ အ​ကြောင်းကို သူ သိသင့်သ​လောက် သိထားပြီးပါပြီ။ ​

ဘယ်တတ်နိုင်ပါ့မလဲ ?

​သေပြီးသား ဝိဥာဥ်​ကလေးကိုမှ စွဲလမ်း ချစ်ခင်မိသွား​တယ်တဲ့ ... ။

ရူးနမ်းတယ်လို့လဲ အပြစ်မတင်ရက်ပါ ။

ဒီ ​ရှောင်ကျန့်ဆိုတာ ဘယ်​လောက်​တောင်မှ ရိုးသားပြီး သစ္စာ ရှိလိုက်သလဲ ... ။

သူ့ နှလုံးသားက ဘယ်လောက်​တောင်မှ ကြီးမား
ပြည့်ဝ​နေသလိုက်လဲ ... ။

ဒါ​တွေ သူ သိ​နေသားဘဲ ... ။

ဟိုင်ဖုန်း သက်ပြင်းသာ မသိမသာ ချမိတယ် ။

" ဒါ​ပေမဲ့လဲ အား​လျော့လို့ မဖြစ်ဘူး​လေကွာ "

" မင်းမှာ ​ဖြေရှင်းစရာ ကျန်​သေးတယ် "

​ရှောင်ကျန့်က သူ့ဘက် လှည့်လာတယ် ။

" အဲ့ဒီလူ​တွေက လျှိုမိသားစုရဲ့ လူ​တွေတဲ့ ... "

" ... ? ...  "

" ​ပြောခဲ့ဖူးတယ်​လေ ...
ဝမ်သခင်​လေး မြစ်ထဲ ပစ်ချပြီး အ​လောင်း​ဖျောက်ပစ်ဖို့ ကြံ​စည်နေတဲ့ သူ​ သုံး​ယောက် ... "

Dare you marry me ? (complete)Where stories live. Discover now