24

4.5K 647 59
                                    

" အပ်က ကစားစရာ မဟုတ်ပါဘူး လူနာ "

" ကျွန်​​တော် မကစားပါဘူး "

" မကစားဘဲနဲ့ ဘာလို့ ​ခြေ​တောက်မှာ အပ်​တွေ စိုက်​နေတာလဲဗျ ... ဒါ အန္တရာယ် များပါတယ် "

​ရှောင်ကျန့် အခန်း​​ထောင့်က ခုံ​​လေးမှာ ထိုင်ပြီး လက်သည်းကိုက်​နေတဲ့ ရိ​ပေါ်ကို ​တစ်ချက် ကြည့်လိုက်တယ်။

သူ​ကို​တွေ့​တော့ မျက်လုံး​လေး ​မှေးပြီး အားနာသလိုက ပြုံးပြ​သေးတယ် ။ ​

ရှောင်ကျန့် မ​နေ့က တစ်​နေ့လုံး ​သတိမေ့​နေတာ ... ။

အခုမှ ပြန်နိုးတယ် ။

" အပ်က ကစားစရာမဟုတ်ပါဘူး လူနာ "

" ကျွန်​​တော် မကစားပါဘူး ဆိုမှဗျာ "

" ဒါဆို ​လူ့နာ့​ခြေ​တောက်​ကို ဘယ်လိုက ဘယ်လို ​ရောက်​နေတာလဲဗျ ...

အဲတာက အခန့်မသင့်ရင် တစ်သက်လုံး လမ်းမ​လျှောက်နိုင်​တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်"

" ​ကောင်းပါပြီ ... ကျွန်​​တော် မှတ်ထားပါ့မယ် "

" ထပ်ပြီး မှတ်ထားရမှာက ...
အပ်က ကစားစရာ မဟုတ်ပါဘူးဗျ "

" မကစားပါဘူးဆို​နေမှဗျာ "

" လူနာက အမှတ်မရှိ​သေးဘူးလား ...  အခု​တောင် ​နောက် နှစ်ရက်​လောက် ​လမ်း​ကောင်း​ကောင်း မ​လျှောက်နိုင်တာကို ... "

​ရှောင်ကျန့် စိတ်​လျော့လိုက်တယ် ။

ဒီ ဆရာဝန်ကြီးက ​ရှောင်ကျန့်ကို ဆူ ချင်လို့ မ​နေ့ကတည်းက သတိရပြီလား' ဖုန်း ခဏခဏ ဆက်​မေး​နေတာတဲ့ ... ။

" ကျွန်​တော် ​နောက်ကို မကစား​တော့ပါဘူး "

" ဒီလိုမှ​ပေါ့ဗျာ ... မကြီးမငယ်နဲ့ ဒီအရွယ်ကြီး အပ်နဲ့​ဆော့​တော့ ကျွန်​တော် အထူး သတိ​ပေးရတာပါ "

" ​ဟုတ်ကဲ့ ... "

" ... ?..."

" နောက်ကို အပ်နဲ့ မ​ဆော့​တော့ပါဘူးဗျာ "

" ​အင်း ​ကောင်းပြီ ... ​ဆေးမှန်မှန်​​သောက်ပါ ... ဒီတစ်ခါ အန္တရာယ် မဖြစ်သွား​ပေမဲ့ ​နောက်တစ်ခါဆို မရ​တော့ဘူး​နော် "

Dare you marry me ? (complete)Where stories live. Discover now