35

4.6K 709 57
                                    

လူကလဲ အိပ်စက်​နေလျက် ...

မက်​နေတဲ့ အိပ်မက်ကလဲ မဖြစ်နိုင်လွန်းလျက် ...

အဲ့ဒီ အိပ်မက်က ထင်ရှား ပီပြင်လွန်း​နေတဲ့အခါ ...

အဲ့တာကို လူ​တွေက ' နိုးတစ်ဝက်အိပ်မက် 'လို့ ​ဆိုကြတယ် ။

.
.
.

" ဘုတ် !"

သူ့ လက်ထဲက ဖိုင်​တွေက
အောက်ကို လွတ်ကျသွားခဲ့တယ် ။

ဒါ​ပေမဲ့ သူ အိပ်​နေတုန်း​ဘဲနေမှာ ...

အခုထိ အိပ်မက်​တွေ မက်​နေတုန်းဘဲ ... ။

" အိုး .. ပြုတ်ကျသွားပြီ "

အသံ သာသာက​လေး ... နားထဲ ကြားရတယ် ။

ဒီတစ်ခါ ... အသံပါကြားရတဲ့ အိပ်မက်​ပေါ့ ... ။

​သေချာ​ပေါက် နိုးတစ်ဝက် အိပ်မက်ဘဲ ...

ဒါ​တွေက ဖြစ်မလာနိုင်ဘူး ... ။

ဒါ​ပေမဲ့ ပီပြင်လွန်း​နေတယ် ။

အဲ့တာက ​ရှောင်ကျန့် ​ခြေ​တောက်​တွေ ​ခွေယိုင်သွား​စေတဲ့အထိ ... ​ပီပြင်​နေလွန်းတယ် ။

ဘေးနားက တံခါးကို သူ ထိန်းကိုင်လိုက်တယ် ။

" ရရဲ့လားဗျ ... "

သူ အနားကို ​လျှောက်လာတယ် ။

​လျှောက်လာတဲ့ တစ်လှမ်းချင်းကို ​ရှောင်ကျန့် မျက်​တောင်မခတ်မိ ... ။

အဲ့ဒီ အိပ်မက်က အသက်ဝင်လွန်းတယ် ။

သူက ကျွန်​တော့်လက်ကို ကိုင်ပြီး လာထူတယ် ။

တကယ်​လေး ထိ​နေသလို ခံစားရတယ် ။

" အင့် ! ​လေးတယ် ... ခင်ဗျားလဲ ထဦး​လေ "

သူ လာဆွဲ​ထူနေတယ် ။

အဲ့ဒီလက်​တွေကို ​ရှောင်ကျန့် ​သူ့နား ဆောင့်ဆွဲချလိုက်တယ် ။

သူ့ရင်ခွင်ထဲ ဝင်လာတာများ တန်းခနဲ ... ။

" ​ဖြေး​ဖြေးဗျ "

​ရှောင်ကျန့် မျက်ရည်​တွေ ဝိုင်းလာတယ် ။

သူ့ရင်ခွင်က​နေ မျက်လုံးဝိုင်းဝိုင်း​တွေနဲ့ သူ့ကို ​မော့ကြည့်​နေတဲ့ သူက ... ​သေချာပါတယ် ။

Dare you marry me ? (complete)Where stories live. Discover now