9

5.4K 797 48
                                    

" ​ကွေ့​ကွေ့က ​တော်တဲ့က​လေးဘဲ "

" ကျန့်ကျန့်က သူ့ကို ​သေချာယှဥ်နိုင်မှရမယ် "

အဖွားဝမ်က သူ့ကို ​ခေါ်လို့ နိုင်ငံ​တော်အဆင့် အထည်ပြိုင်ပွဲအ​ကြောင်း ​ပြောပြ​နေတယ် ။ နှစ်စဥ်ကျင်းပတဲ့ ပွဲဖြစ်တယ် ။

ဒီပြိုင်ပွဲမှာ ဒေသမှာ ရှိတဲ့ အထည်လုပ်ငန်း​ကြီးငယ်မ​ရွေးတွေ အားလုံးဝင်ပြိုင်ခွင့် ရှိတယ် ။ ပထမရတဲ့သူက နိုင်ငံ​တော်အဆင့်ပွဲ​တွေမှာ ​ချုပ်​ပေးခွင့်ရမယ် ။

ဒီ့အပြင် ဒီဆုက လုပ်ငန်းရဲ့ ဂုဏ်ကို မြင့်တင်ခွင့်ရမယ်။ ထုတ်ကုန်ကို ဂန္တဝင် ဖြစ်စေမယ် ။ ဒီပွဲက အမြဲတမ်း ​​ဆောင်းရာသီမှာ ကျင်းပတယ်။

ဒီဇိုင်းရဲ့ ဆန်းသစ်မှုကို ပြိုင်တယ် ။
အထည်ရဲ့ အရည်​အသွေးကို ပြိုင်တယ် ။

ဝမ်ဂရုက တစ်နှစ်တာ အ​ကောင်းဆုံးဆု ​လေးခါရဖူးတယ် ။ ဒီတစ်နှစ်အတွက် ​​ရှောင်ကျန့်မှာ ၈လ အချိန်ရတယ် ။

အကြိုပွဲ ​နွေရာသီအတွက်​တော့ ၃ လသာ အချိန်ရ​တော့တယ် ။ အဖွားဝမ်က သူ့ကို သတိ​ပေးတယ် ။

" ချူးကူးဒေသမှာ အ​ကောင်းဆုံး အထည်​တွေ ရှိတဲ့​နေရာရှိတယ်... ဒီက အထည်​တွေက အရည်​သွေးပြည့်မှီလွန်းလို့ တစ်နှစ်မှာ နည်းနည်းဘဲ ထွက်တယ် "

"အဲ့ဒီက သူ​ဌေးလုံက အထည်အတွက် ဝါကို ကိုယ်တိုင်စိုက်တယ် ၊ ခူးတယ်  ... သူကိုယ်တိုင် ဗိုင်းငင်တယ် ... သူ့လက်နဲ့ ကိုယ်တိုင်ရက်တယ် ... သူကိုယ်တိုင် ​ဆေးဆိုးတယ် "

" သူ့လက်နဲ့ အစအဆုံးလုပ်တယ် ..."

" ဒီအထည်သားက ​ကောင်းလွန်းလို့ ​စျေးကြီး​ပေးဝယ်ကြတဲ့သူ​တွေ ၊ စာချုပ်ချုပ်ချင်ကြတဲ့ သူ​တွေ များ​ပေမဲ့ သူက ဘယ်သူနဲ့မှ စာချုပ်မချုပ်ဘူး "

" နှစ်တိုင်း သူက ​ရောင်းချင်တဲ့သူကိုဘဲ​ရောင်းတာ  "

" သူ့အထည်ကို ချုပ်ခွင့်ရရင် ​တော်တဲ့ ဒီဇိုင်းနာနဲ့ဆိုရင် ပွဲမှာ နိုင်ဖို့က ၈၀% ​သေချာတယ် "

အဖွားဝမ်က စိတ်ရှည်လက်ရှည် ရှင်းပြတယ် ။

" ဒါ​ပေမဲ့ ​ကွေ့​ကွေ့က ဒီအထည်ကို ရတာ နှစ်နှစ်ဆက်တိုက် ရှိပြီ ... မနှစ်က အ​ကောင်းဆုံးဆုရှင်ကလဲ ယဲ့ လုပ်ငန်းစုဘဲ "

Dare you marry me ? (complete)Where stories live. Discover now