41

4.6K 687 73
                                    

အိမ်​ရှေ့အိမ် ...

​ရှောင်ကျန့် အိမ်ပြန်​လာတော့ ရိ​ပေါ်က အိမ်​ရှေ့အိမ်က သူ့ သူငယ်ချင်း အခန်းထဲ ရှိ​နေတယ်တဲ့ ... ။

​ရှောင်ကျန့်လဲ လာရှာ​ရော အပြစ်လုပ်ထားတဲ့ သူက သူ့ သူငယ်ချင်း ​နောက်မှာ ဝင်ပုန်း​နေတယ် ။

​ရှောင်ကျန့်က အဲ့တာကို မမြင်စရာလား ... ။

" ဝမ်ရိ​ပေါ် ... မင်း ထွက်လာခဲ့ ... "

" မလာဘူး "

" ဝမ်ရိ​ပေါ် !"

" မ​အော်နဲ့ ​... ကျွန်​​တော် ဘာမှ မစားရ​သေး​ဘူး ... အဲ့တော့ အား​တွေနည်းပြီး နား​တွေ​တောင် အူ​နေပြီ"

တုံတုံက ရုပ်တည်နဲ့ ဝမ်​ပေါင် စားထားတဲ့ မုန့်​ခွံတွေကို ​စောင်နဲ့ ဖုံး​လိုက်တယ် ။

* ဟုတ်တယ် ... သူဘာမှ မစားရ​သေးဘူး *

အ​ခြေအ​နေက စစ်​အေးတိုက်ပွဲ ... ။

မျက်နှာချင်းဆိုင် ရပ်​နေတဲ့ တုံတုံနဲ့ ကျန့်​ကောရယ် ၊တုံတုံ​နောက် ရပ်​နေတဲ့ ရိ​ပေါ် ရယ် ... ။

" မင်း အခု ဘာလုပ်လိုက်လဲ ဆိုတာ သိလား "

" သိတယ်​လေ ... ​ကြေညာလိုက်တာ​လေ "

" ဝမ်ရိ​ပေါ် "

" မ​အော်ပါနဲ့ဆို ... လက်ထပ်ပွဲ​​လေး ပျက်သွားတာများ အဲ့​လောက်ဖြစ်စရာလား ...မ​ကျေနပ်ရင် ကျွန်​တော်နဲ့ ပြန်လုပ်​ ... "

" ကျွန်​တော် သတို့သား လုပ်​ပေးမယ် "

" မင်း !"

​ရှောင်ကျန့် မျက်ရိုး​တွေ နှိပ်လိုက်ရတယ် ။

" မျက်နှာချင်းဆိုင် စကား​ပြောမယ် ... ဝမ်ရိ​ပေါ်
မင်း အရင် အ​ရှေ့ကို ထွက်လာခဲ့ ... "

" မလာဘူး ... ကျန့်​ကော ကိုယ်က အ​ရောင်အဝါ​တွေက မျက်စိစူးတယ် ... ကျွန်​တော် မခံနိုင်ဘူး"

" ဘာ !"

" ... "

" အဲ့တာဆို မျက်လုံးမှိတ်ပြီး ထွက်ခဲ့ ... "

" အာ့လဲ မရဘူး ... မျက်စိစူးတယ် ဆို​တောင်မှ
ကျန့်​ကောကို အ​ဝေးက မကြည့်ဘဲ မ​နေနိုင်ဘူး "

Dare you marry me ? (complete)Where stories live. Discover now