1

8K 1K 23
                                    

"မိုး​မြေကန်​တော့ကြပါ "

"ဘိုး​ဘေး ကန်​တော့ကြပါ "

"မိဘကို ကန်​တော့ကြပါ "

"သတို့သား အချင်းချင်း ကန်​တော့ကြပါ "

​သူ၏ ​​ရှေ့တွင် တည်ငြိမ်​သော ဓါတ်ပုံတစ်ပုံသာ ရှိ​နေသည် ။ ၎င်းရှေ့၌တွင်ကား ​အေးစက်​နေ​သော ယမကာတစ်ခွက် ... ။

သူ အရိုအ​သေပြုလိုက်သည် ။

ဤ ည သန်း​ခေါင်ယံတွင် ကျင်းပ​သော မင်္ဂလာပွဲ၌ အဖွားဝမ်၊ ခါးကုန်း​နေ​သော အဖိုအိုတစ်​ယောက် ၊ အ​စေခံတစ်ချို့နဲ့ ထိမ်းမြား​ပေး​သော နှုတ်ခမ်းဆိုး​ဆေး အနီ​ရောင်နဲ့ အမျိုးသမီးတစ်ဦးသာ ရှိသည် ။

အားလုံး ခမ်းနားစွာ ဝတ်ဆင်ထားကြသည် ။

ကြီးကျယ်လှ​သော ထိုအိမ်ကြီးထဲ ဧည့်သည်မရှိသည့်တိုင် ခမ်းနား​သော မင်္ဂလာပွဲ အ​​ဆောင်အ​ယောင်တို့ကို ​သေချာသုံးထားသည် ။

တကယ့် မင်္ဂလာပွဲ အစစ်သဖွယ် ... ။

သူ​သည် သူ့ရှေ့မှ လှပ​သော ​ကောင်​လေးရှိသည့် ဓါတ်ပုံက​လေးအား စူးစူးစိုက်စိုက် ကြည့်​နေမိသည် ။

​* ​သေသူက ​သေပြီ ...
ဒီ​လောက၌​တောင် ရှိပါဦးမလားမသိ *

* မဆိုင်တဲ့သူ့ကို ​ခေါ်ပြီး
အ​မွေ​ပေးရ​န် အလုပ်ခိုင်းတာနဲ့ပင် တူ​သေးသည် *

* အိမ်​ထောင်ကျသွားပြီ ဆိုရ​အောင်ကလဲ သူ၏ အိမ်​ထောင်ဖက်က ဒီ​လောက၌ မရှိ *

* ဘာမှ မကွာခြားသွား​ပေမဲ့ သူ​ဌေးရဲ့ တရားဝင် သမက်ဖြစ်လာပြီး ခဲတံအစား ဂဏန်း​ပေါင်းစက်ကို ကိုင်ရ​တော့မှာ​ပေါ့ *

* စာရွက်တွေအစား အထည်လိပ်​တွေကို ကိုင်ရ​မှာ​ပေါ့ ... စစ်ပြန်လူပျိုလေးအစား ... သရဲ​ယောက်ျား​ရှောင်ကျန့် ဖြစ်ရ​​တော့မှာပေါ့ *

"ယမကာ ​​သောက်နိုင်ပါပြီ "

​ရှောင်ကျန့် သူ​ရှေ့က ယမကာခွက်ကို ယူ​သောက်လိုက်သည် ။ ဓါတ်ပုံထဲက ​ကောင်လေးကျ​တော့ သူ့အဖွားက ခွက်က​လေး ​ရှေ့တို့း​ပေးသည် ။

" ​မြေး​လေး ​သောက်လိုက်​နော်
ဖြည်းဖြည်း​သောက် ... ​သီး​နေဦးမယ် "

Dare you marry me ? (complete)Where stories live. Discover now