25

4.8K 704 97
                                    

" ဟုတ်ကဲ့ "

" ဟုတ်ကဲ့ "

" ဟုတ်ကဲ့ "

လုဟွားကဖြင့် ခေါင်းငြိမ့်ရတာ များလွန်းလို့ ပုတ်သင်ညိုဖြစ်​တော့မယ်,။

ဒါ​တွေ ဘယ်လိုဖြစ်ရသလဲ ဆို​တော့ ...

လွန်ခဲ့​​သော နာရီဝက်ခန့် >>>

" လုဟွား ဒီဇိုင်း အကြမ်း​တွေ လာပြတာပါ ဆရာ"

လုဟွားနဲ့ ဆရာ​ရှောင်း အလုပ်ကိစ္စ​အရင် ပြောကြတယ်။ ပြီးတာနဲ့ ...

" ​နေ​မကောင်းတာ ဝှီးချဲ​စီး​နေရတယ်ဆို​တော့ ဆရာ​ရှောင်း ... အက်စီးဒင့်တွေ ဘာ​တွေများ ဖြစ်ခဲ့လို့လားရှင် "

လုဟွား သိချင်လွန်းလို့ ​မေးလိုက်တယ် ။
.
" အက်ဆီးဒင့် မဟုတ်ပါဘူး ... ​​​ဆေးမှား ထိုးမိလို့ ​ခြေ​တောက်​ ထိခိုက်သွားတာပါ ... ​နောက်နှစ်ရက်ဆို ​ကောင်းပါပြီ "

ဆရာ​ရှောင်းက ​​ရေ​နွေးသောက်ရင်း ပြန်​ဖြေတယ်။

" ဒီလိုဆို ​တော်​သေးတာ​ပေါ့ ... ဆရာရယ်
လုဟွားက အများကြီး ထိခိုက်သွားမှာ စိတ်ပူတာ"

" စိတ်ပူစရာ မလိုပါဘူးဗျာ "

" ဟုတ်ကဲ့ ... ပြီး​တော့ ဆရာ​ရှောင်း ...
ဒါ ဆရာ့အတွက် လုဟွား ယူလာတာ ... "

လုဟွားက သူ့မ ဝယ်လာတဲ့ သစ်သီးထုပ်က​လေး ​ပေးတယ် ။ ပြီး​တော့ ချိုင့်က​​လေးတစ်ခု ... ။

ဆရာ​ရှောင်းက လက်တကာကာနဲ့ ...

" အဲ့လို​တွေ ယူမလာလဲ ရပါတယ်ဆိုဗျာ "

" ဒီတစ်ခါ လမ်းကြုံ ဝယ်လာတာပါ ဆရာ​​ရှောင်းရဲ့
အားနာစရာလဲ မလိုဘူး ... ​နေမ​ကောင်းတဲ့ သူဆီ လက်ဗလာနဲ့လာရတာ လုဟွားလဲ အားနာလို့ပါ"

" လုဟွား​တော့ ခက်ပြီ ... ​"

" မခက်ပါဘူးဆရာရယ် ...
ဆရာစားလိုက်ရင် လွယ်လွယ်​လေး ဖြစ်သွားမှာ "

" ကဲ ... ဝယ်လာပြီးမှ​တော့လဲ အတင်း အိမ်ပြန်ထိုး​ပေးရင် မ​ကောင်းဖြစ်​တော့မယ် ... ကျွန်​တော် ​သေချာ​လေး စားပါ့မယ် "

" ဒီလိုမှ​ပေါ့ ဆရာရဲ့ "

လုဟွားက ပြုံးပြုံးရွင်ရွင်​လေး ဖြစ်သွားတယ် ။

Dare you marry me ? (complete)Where stories live. Discover now