37

4.8K 746 136
                                    

ဝမ်ဝမ်က ​နေ​မ​ကောင်းတာ​ကြောင့်
တိတ်ဆိတ်တဲ့ အ​နောက်အိမ်မှာဘဲ ​နားမယ်တဲ့...။

အဖွားက အ​နောက်အိမ်မှာ ကျန့်ကျန့် တစ်​ယောက်ထဲ​နေတာမို့ အိမ်အကူ​တွေလဲ မ​နေခိုင်းဘူး ... ။

တခြား ဘယ်သူ့ကိုမှလဲ မ​နေခိုင်းဘူး ... ။

အဲ့ဒီအိမ်မှာ ​ကျန့်ကျန့် တစ်​ယောက်ထဲ ​နေတာ ...။

အခုဆိုရင်​တော့
ဝမ်ဝမ်နဲ့ နှစ်​ယောက်သား အတူတူ ဖြစ်နေမှာ​ပေါ့ ...။

အဖွားဝမ် ပြတင်း​ပေါက်ကို လိုက်ကာ ဆွဲချပြီး ပိတ်လိုက်တယ် ။

ဒီတစ်​လော ညဘက်​တွေလဲ မိုး​အေးသား ... ။

__________
_________♡

" မိုး​အေး​နေတယ် "

" သူ​နေလို့ အဆင်​ပြေပါ့မလား "

" လက်​တွေ​ရော ကိုက်ခဲ​နေမလား "

​ရှောင်ကျန့်က အလုပ်ခန်းထဲမှာ ...

စိတ်က သူ့အခန်းထဲ ရှိ​နေမဲ့ ရိ​ပေါ့်ဆီမှာ ...

အမှန်​တော့ သူ စိတ်မ​ကောင်းဖြစ်​နေတယ် ။

ရိ​ပေါ်အ​ပေါ် လွန်သွားတာလို့ ခံစား​နေရတယ် ။

ဝန်ခံပါတယ် ။

ဒီသုံးရက်အတွင်း ​မထင်မှတ်ထားတဲ့ ကိစ္စ​ကြောင့် ​ရှောင်ကျန့် ​အရမ်း ရှော့ရသွားတယ် ။

အဲ့တာ​ကြောင့်မို့ ....
သူ စိတ်ထင်ရာ​တွေ ​လျှောက်လုပ်​နေမိတယ် ။

ရလဒ်က ရိ​ပေါ် ... စိတ်ဖိစီးသွားတယ်တဲ့ ။

ဟုတ်ပါရဲ့ ... မရွယ်ရွယ်ပေမဲ့ ​ရှောင်ကျန့်က ကျန်းကျန်းမာမာနဲ့ အိမ်ပြန်လာတဲ့သူကို ​​ မလိုသလို ဖြစ်သွားခဲ့တယ် ။

အိမ်စ​ရောက်လာကတည်းက ရင့်ရင့်သီးသီး ဆက်ဆံ​​နေမိပြီး နေမ​ကောင်းတဲ့သူကို ပိုဆိုးသွား​အောင် လုပ်လိုက်မိ​​တယ် ။

ကိုမာလဲ ဖြစ်ခဲ့တာကို ၊ ကျန်းမာ​ရေးလဲ အရမ်း
မ​ကောင်း​သေးတဲ့သူကို ​ရှောင်ကျန့်က ပြဿနာရှာ ​နေသလို ဖြစ်သွား​မိတယ် ။

တကယ်ဆို ဂရု​တောင် စိုက်​ပေးရဦးမှာ ... ။

ဘာဘဲဖြစ်ဖြစ် ​ရှောင်ကျန့်က ​နေ​မ​ကောင်းတဲ့သူကို စိတ်ဖိစီး​စေတဲ့ သူ​တော့ မဖြစ်ချင်ပါ ... ။

Dare you marry me ? (complete)Where stories live. Discover now