💔13💔

39.7K 3.4K 760
                                    



"မင်းရဲ့ကံတရားနဲ့မင်းရဲ့အရာအားလုံးဟာ
ငါပိုင်တဲ့နက္ခတ်တွေပဲမို့ မင်းကငါ့အပိုင်ပဲJeon
ငါမဟုတ်တဲ့တခြားတစ်ယောက်ကိုချစ်ကြောင်း
ဝန်ခံတယ်ဆိုတာ....သေဒဏ်တောင်ပေးလို့ရတဲ့
ပြစ်မှုတစ်ခုပဲ.....ပြောစမ်း!!!!!!
ဘာကြောင့်ကျူးလွန်းရဲခဲ့တာလဲ......"

အိမ်ရှေ့စံအိပ်ဆောင်၏ကြမ်းပြင်တွင်
သွေးကြောင်းတစ်ခုစီးဆင်းနေကာ
သွေးကွက်တွေလည်းဟိုတကွက်ဒီတကွက်...
မလှုပ်ရှားနိုင်တော့သော လူတစ်ယောက်ကတော့
သွေးအိုင်ထဲတွင်နစ်မြုပ်နေသည်။
အိမ်ရှေ့စံရိုက်နှက်သမျှတုံ့ပြန်ခွင့်မဲ့စွာ
လည်စင်းခဲ့ရတာကြောင့် ခေါင်းပင်မထူနိုင်တော့ပါ။
အိမ်ရှေ့စံဟာ မျက်နှာကိုအကြမ်းပတမ်းဆွဲမရင်း
မေးသည်....။

အိမ်ရှေ့စံငိုနေသည်....။ပါးပြင်ပေါ်မှာမျက်ရည်စ
တွေနဲ့...သူအရိုက်နှက်ခံသောအရေးကိစ္စ
အနှိပ်စက်ခံရသောအခြေအနေများသည်
မထူးဆန်းပေမယ့်.....အိမ်ရှေ့စံမျက်ရည်ပေါက်
ကြီးငယ်ကျခြင်းကတော့ဒါပထမဆုံး......။

"ပြောလေ!!!!ငါ့ကိုလိမ်ခဲ့တာ...
မင်းငါ့ကိုလိမ်ခဲ့တာ...ခွင့်မလွှတ်ဘူး
ငါဘယ်တော့မှခွင့်မလွှတ်ဘူး.......!!!!"

နောက်ဆုံးသောမျက်နှာတည့်တည့်ရောက်လာ
သောရိုက်ချက်တွင်Jeon သည်ကြမ်းပြင်
ပေါ်သို့အမှောင်အတိကျစွာပြိုလဲသွားခဲ့ပြီ
နားတွေလည်းအူနေသလို...
မျက်လုံးတွေလည်းမဖွင့်နိုင်တော့.....
အိမ်ရှေ့စံ၏ကြမ်းရမ်းမှုကိုအရှုံးပေးလိုက်ရပြန်ပါသည်။

တောက်!!!!!

ဆိုးဝါးလွန်းသောအိမ်မက်တွေသည် မနက်မိုးလင်း
ရောက်တဲ့အထိတောင်အရှိန်အဟုန်နဲ့မြင်မက်နေဆဲပဲ။
Jeonသည် တကယ်ပင်အရိုက်ခံလိုက်ရသလိုမျိုး
ဖျက်ခနဲလန့်နိုးလာရကာ သူများတွေရဲ့
မနက်စောစောမင်္ဂလာအချိန်ကို Jeonကတော့
တောက်တချက်ဖြစ်စတင်ခဲ့ရသည်။

လက်ရှိဘဝမှာအခြေအနေဆိုးနေပါတယ်ဆိုမှ
အိမ်မက်ကမ္ဘာမှာလည်းတစ်ခါလေးမှ
မကောင်းနေခဲ့ပါ။ခုရက်ပိုင်းတွေအိမ်မက်မက်တာ
ကျဲသွားတာမို့အိပ်ရေးဝတုန်းရှိသေးသည်။
ပြန်စလာပြန်သော သွေးသံရဲရဲတွေ...
ကြောက်စရာမျက်လုံးတွေ....
မကြည်မလင်မနက်ခင်းကို ပြန်မအိပ်တော့ဘဲ
ဖုန်းယူကြည့်လိုက်တော့ ဖဲဝိုင်းနေရာတွေ
ပြိုင်ပွဲရှိနေသောနေရာတွေကိုတန်းစီနေအောင်
ပို့ထားကြသည်။

မောင်Where stories live. Discover now