အပိုင်း ၁

22.8K 839 21
                                    

Unicode

ခမ်းနားလွန်းလှသော နှစ်ထပ်တိုက်ကြီး၏ ဆင်ဝင်အောက်မှာ သူမ ငိုင်ငိုင်လေး ရပ်နေမိသည်...

ရွှေရုပ်တဲ့...

ကော်ပတ်ရုပ်လေးလို အပြစ်ပြောစရာမရှိအောင် လှတဲ့မျက်နှာလေးနဲ့ ကြွယ်ဝပြည့်စုံခြင်းဆိုတဲ့ အရာတွေ ပေါင်းစပ်လိုက်တော့ ရွှေရုပ်ဆိုတာလေး ဖြစ်လာတယ်...

မြင်သူတိုင်း မချစ်ဘဲ မနေနိုင်တဲ့ အတိတ်ကံကြောင့် ရွှေရုပ်ရဲ့ ငယ်ဘဝဟာ သိပ်ကို ပျော်စရာကောင်းခဲ့တာပေါ့...

ခုတော့ အားလုံးဟာအတိတ်မှာ...

ညောင်းလာပြီဖြစ်တဲ့ ခြေထောက်ကို ဆန့်ဆန့်ပြင်ရပ်ပြီး ခြံရှေ့ကို မျှော်ကြည့်လိုက်မိသည်...

လက်က နာရီကို ကြည့်လိုက်တော့ ၁၁နာရီ...

မလွန်လွန်းဘူးလား...

"၉နာရီကတည်းက သခင်မလေးကို ထွက်စောင့်နေပါ..."တဲ့...

မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိရင်း ဖုန်းမှာ တစ်ခေါက်ပဲ ကြားခဲ့ရတဲ့ အသံခပ်တောင့်တောင့်ကို ပြန်ကြားယောင်မိသည်...

"ငါပြန်လာတော့မယ်...အဲနေ့ကစပြီး မင်းရထားတဲ့ လွတ်လပ်ခွင့်တွေ အကုန်အဆုံးသတ်ပြီလို့ မှတ်လိုက်...တစ်ဆက်တည်း ပြောလိုက်မယ်...ငါက မင်းရဲ့ စိတ်ကိုရော ကိုယ်ကိုရော အပိုင်ယူမှာ...အဲတော့ ပြင်ဆင်ထား..."

ဆယ်တန်းအောင်ပြီးတော့ကစပြီး ရွှေရုပ်ရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်...

ဖေဖေနဲ့မေမေ ကားအက်စီးဒန့်နဲ့ဆုံးတယ်...မိဘက ဘာမှပေးမလုပ်တဲ့ ဘဝမှာ နေရတဲ့ရွှေရုပ်ဟာ ဆွေမျိုးတွေရဲ့ ကြင်နာမှုအောက်မှာ ဘာပိုင်ဆိုင်မှုမှ မကျန်ခဲ့...

အဲမှာစပြီး မဝါနဲ့တွေ့ရတယ်...ကယ်တင်ရှင်ဆိုတဲ့အသိအောက်မှာ ရိုရိုသေသေဆက်ဆံမိတော့ မဝါကပြောတယ်...

"မင်းကို ခုလိုကူညီတာ ငါမဟုတ်ဘူး...တခြားတစ်ယောက်...ငါက သူခိုင်းတာ လုပ်ပေးရုံပဲတဲ့.."

ရွှေရုပ်က တစ်သက်လုံးနေလာတဲ့ အိမ်ကနေ ပြောင်းရသည်...

တိုက်ခန်းတစ်ခုမှာ ဒေါ်ကြီးမိုးဆိုတဲ့ ကရင်အဒေါ်ကြီးနဲ့တူတူ နေရသည်...

ရွှေရုပ်Where stories live. Discover now