အပိုင်း ၁၃

7.7K 566 12
                                    

Unicode

နောက်ကျိနေသော ခေါင်းကို လျစ်လျူရှုကာ ရွှေရုပ် မနက်စာကို ပြင်နေသည်... ဖျားနေတာမို့ အစာမာမာလဲ ပေးမစားချင်ပါ...ဒါကြောင့်မို့ ကြက်သားဆန်ပြုတ်ကို ကြိုးစားပြီး ပြုတ်နေတာဖြစ်သည်...

ပြောရရင် တစ်ညလုံး ရွှေရုပ်တစ်ရေးမှမအိပ်ဖြစ်ခဲ့ပါ... ပြောချင်တာတွေ ပြောကာ ရွှေရုပ်ရဲ့ ခါးကို ကျစ်နေအောင် ဖက်ပြီး မမက အိပ်ပျော်သွားသော်လည်း ရွှေရုပ်မှာ ကြားခဲ့ရသော စကားတို့ကို မခံစားနိုင်စွာ တစ်ညလုံး ငိုနေခဲ့မိသည်...နေမကောင်း၍ စိတ်လွတ်ကာ ပြောသွားသလား တမင်ပြောတာလား မသိသည့်တိုင် ထိုစကားတို့သည် ရွှေရုပ်၏ အသည်းထဲသို့ စူးနစ်ဝင်နေသည်... ငယ်ငယ်ကလို ရွှေရုပ်ကို ချစ်မြတ်နိုးစွာ ပွေ့ပိုက်ခဲ့သော အဖြူသန့်သန့်မေတ္တာတို့ကို မမထံမှ ပြန်မရနိုင်တော့မှန်း သိလာရသည်...

ပန်းကန်လုံး အဖြူထဲသို့ ဆန်ပြုတ်ကို တစ်ဝက်ကျော်ရုံမျှ ခပ်ထည့်လိုက်သည်... စားပါ့မလားဟုလဲ စိတ်ပူနေမိသည်...ဒါပေမယ့် မမသစ္စာသည် အစားအသောက်နဲ့ ပတ်သက်၍ တစ်ခါမှတော့ ဆူတာမျိုး မလုပ်ဖူးချေ...

တစ်အောင့်အကြာမှာ လှေကားထက်က ​ဖြေး​ဖြေးဆင်းလာသော မမသစ္စာကို တွေ့ရသည်... မျက်နှာက နီမြန်းနေကာ ကြည့်လိုက်တာနှင့် နေမကောင်းမှန်း သိသာနေလေသည်...အဝတ်အစားလဲထားတာမို့ company သွားမည်မှန်း သိလိုက်သည်... ကိုယ်လဲ အဆင်သင့် ​သွားဖို့ ပြင်ထားပေမယ့် နေမကောင်းနေတာကိုတော့ ပေးမသွားချင်ပါ...

ဆန်ပြုတ်ပြုတ်ထားတာကိုလဲ ဘာမှမပြောဘဲ သောက်နေသည်...ကိုယ့်ဟာကိုယ် မစားနိုင်ဘဲ သူစားနေတာကိုသာ ကြည့်နေမိသည်...ဒီပုံအတိုင်းဆို ဆေးခန်းလဲ သွားမှာ မဟုတ်ပေ...ဘာဆေးမှလဲ မသောက်ထားရင် ပိုဆိုးလာတော့မည်မဟုတ်လား...

အကြည့်တစ်ချက်ဝေ့တက်လာမှပဲ အကဲခတ်နေတာကို ရပ်ကာ ရွေရုပ် ငုံ့စားလိုက်သည်...အမှန်တော့ ရွှေရုပ်လဲ ခေါင်းမကြည်ဘဲ နွမ်းနေသည်...ဒါပေမယ့် ကိုယ်က နေမကောင်းဖြစ်နေကြမို့ သူ့ကိုသာ ပို၍ စိတ်ပူနေမိသည်...

company ရောက်တော့ ရှေ့က သုတ်သုတ်လျှောက်သွားတဲ့ သူ့နောက်ကို လိုက်ဖို့ပြင်နေတဲ့ မဝါကို ရွှေရုပ်အတင်း လှမ်းခေါ်လိုက်သည်...

ရွှေရုပ်Where stories live. Discover now