အပိုင်း ၁၉

8K 571 35
                                    

Unicode

"ဘာလို့ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာလဲ သမီးရယ်..."

တိုးဖွဖွပေမယ့် ကြင်နာသံအပြည့်နဲ့အသံကြောင့် ဝမ်းနည်းစိတ်တို့ လျှံတက်သွားရသည်...

"ဖေဖေလုပ်ခဲ့သမျှ ဆုံးဖြတ်ခဲ့သမျှက သမီးကောင်းဖို့ ပျော်ဖို့အတွက်လေ သစ္စာ... ခုလိုလုပ်နေတော့ ဖေဖေက သမီးကို ဘယ်လိုလုပ် ကြည့်ရက်ပါ့မလဲကွယ်..."

"သမီးကရော ကိုယ့်ခံစားချက်ကို ဦးစားပေးပြီးတော့ ဖေဖေ့အတွက် ဘာမှလုပ်မပေးရတော့ဘူးလား..."

"မဟုတ်ဘူးလေ သမီး...သမီးခုလိုလုပ်နေတာကသာ ဖေဖေ့အတွက် နောက်ဆံတင်းရတာပါ... ဖေဖေအတွက်က သမီးချစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတာလောက် ကျေနပ်ဖို့ကောင်းတာ ရှိမှာမဟုတ်ဘူး သစ္စာ...ဖေဖေ့ကို စိတ်ချစေချင်တယ်ဆိုရင် သမီးပျော်မှာကိုသာ ရဲရဲတင်းတင်း လုပ်လိုက်ပါ..."

"သမီးက သမီးက တကယ်ပျော်ပျော်နေရဖို့ရော အခွင့်ရှိရဲ့လား ဖေဖေရယ်...အဲလိုလုပ်လို့ တကယ်ဖြစ်ရဲ့လား..."

"ဖြစ်ပါတယ် သမီးရယ်...ဘာလို့မဖြစ်ရမှာလဲ...တစ်လျှောက်လုံး နာကျင်စရာတွေကိုပဲ သိမ်းထားရတဲ့ဖေဖေ့သမီးက ပျော်ပျော်နေရဖို့ တကယ်ကို ထိုက်တန်ပါတယ်..."

"ဖေဖေရယ်..."

"သမီးမှာ ကိုယ့်ကိုကိုယ် အပြစ်တင်စရာ ဘာအကြောင်းမှ မရှိဘူး...ဖေဖေက ကိုယ်လုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် ဒီဘဝမှာ ကြွေးဆပ်ရတယ်လို့ပဲ မှတ်တယ် သမီး... အဲဒါကြောင့် သမီးက အကြွေးထပ်မယူပါနဲ့တော့..."

ဖေဖေက သစ္စာရဲ့ ခေါင်းကို ကြင်နာစွာ ပွတ်ပေးကာ ထွေးဖက်သည်...

"အပူတွေကို လွှတ်ချလိုက်ပါ ကလေးရယ်...ဘဝဆိုတဲ့အချိန်တိုလေးကို ချစ်တဲ့သူနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းလိုက်ပါကွယ်...ဒါ ဖေဖေအမြင်ချင်ဆုံးပါပဲ...

အိပ်ရာမှ ထသည်အထိ ဖေဖေ့ရဲ့ မျက်နှာက မျက်စိထဲက မထွက်ပေ...ဖေဖေသည် သစ္စာထံ ရောက်မလာခဲ့တာ ကြာပြီ...ဒီတစ်ခါကတော့ ဖေဖေစကားတော်တော်များများကို ပြောသွားခဲ့သည်ပဲ...ဒါပေမယ့် သစ္စာက...သက်ပြင်းသာ ချမိပြန်သည်...

ရွှေရုပ်Where stories live. Discover now