အပိုင်း ၂၀

8.1K 602 33
                                    

Unicode

"ဘယ်လို မာမီသိသွားပြီ ဟုတ်လား..."

နွယ်က မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သစ္စာရဲ့အနားကို အားမလိုအားမရတိုးကပ်ကာ မေးလာသည်...မိမိသာ တုန်လှုပ်နေပေမယ့် သစ္စာကတော့တည်တည်ငြိမ်ငြိမ်ပင် ထိုင်ကာ တစ်ခုခုကို တွေးတောနေပုံရသည်...

"ဟဲ့ ပြောပါဟာ...ဒီလောက်ကိစ္စကြီးနေတာကို နင်က အေးဆေးလုပ်နေသေးတယ်...မာမီက ဘာပြောလဲ..."

"မနက်​ဖြန် လာခဲ့မယ်ပြောထားတယ်...လူချင်းတွေ့ပြီး ပြောမယ်တဲ့..."

"အဲ​တော့ နင်က ဘယ်လိုလုပ်မှာလဲ ဟင်...."

နွယ့်ကို သစ္စာက ဖုန်းဆက်ခေါ်ထားတာဖြစ်သည်...တိုင်ပင်စရာရှိလို့ဟု ဆိုတာကြောင့် နွယ့်မှာ ကမန်းကတန်းလာခဲ့ရတာဖြစ်ပြီး ဒီရောက်တော့ စာကြည့်ခန်းထဲ နှစ်ယောက်သား စကားပြောဖြစ်ကြသည်...

"ဘာကို ဘယ်လိုလုပ်ရမှာလဲဟာ...မာမီ့သဘောပဲ..."

"ဟဲ့...စိတ်ဆိုးပြီး အမွေဖြတ် ဘာညာလုပ်လိုက်ရင်ရော..."

"ငါ စိတ်မဝင်စားဘူး... ငါ နင့်ကို အခုခေါ်တာက အဲကိစ္စကို တိုင်ပင်မလို့မဟုတ်ဘူး...ဒါက ကြုံလို့ပြောပြတာ..."

"ဟမ်...ဒါကြီးကို ကြုံလို့ပြောပြတယ်..."

"အေး..."

ဆဲချင်စိတ်တွေ အလိပ်လိုက်တက်လာတာကို နွယ်အတင်းပြန်မြိုချလိုက်ရသည်...သင်းကတော့ အေးဆေးပင်...

"ဒါဆိုပြောပါဦး...အဲဒါထက် အရေးတကြီး နင်တိုင်ပင်စရာရှိတဲ့ကိစ္စက ဘာလဲလို့..."

"ရွှေရုပ်ကိစ္စ..."

"ရွှေရုပ်က ဘာဖြစ်လို့လဲ..."

"......"

မှုန်ကုပ်ကုပ်နဲ့ ပြောပြလာသော စကားများကို နွယ် တအံ့တသြ နားထောင်နေမိသည်...ဒါဟာ သစ္စာ လုံးဝ မတွက်ဆထားမိသော ကိစ္စဟုလဲ သဘောပေါက်လိုက်သည်...

"ဒါဆို သူ့အစ်မက ပြန်ခေါ်ချင်နေတယ်ပေါ့..."

"အင်း...ပြီးတော့ မာမီ့ကို mail ပို့လိုက်တာ သူပဲဖြစ်မယ်..."

"ဘာ..."

"ဘာတွေ အဲလောက်အော်နေတာလဲ... အရှင်းကြီးကို နင်ကလဲ..."

ရွှေရုပ်Where stories live. Discover now