အပိုင်း ၆

8.4K 617 7
                                    

Unicode

မိုးလင်းတာနဲ့ သူနဲ့မျက်နှာချင်းဆိုင်ရသည့်တိုင်အောင် အရှက်တရားတို့က ဖိစီးနေသည်...ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်...ဘယ်သူ့ကိုမှ မတွေ့ချင်...ရောက်ရာပေါက်ရာကိုသာ ပြေးထွက်သွားလိုက်ချင်သည်...သူကတော့ ခပ်တည်တည်သာ...

Companyကိုသာ သွားရသည်...လူက ပစ်လဲတော့မည်ကို သိနေရပြီ...အပူရှိန်တွေက တရိပ်ရိပ်တက်လာကာ မျက်နှာမှာ လာဟပ်နေသည်...

ရောက်တာနဲ့ ဒီဇိုင်းဌာနဘက်သာ တန်းသွားလိုက်သည်...

"ရွှေရုပ်...လာပြီလား...ဒီမှာ လာဝိုင်းကူဦး..."

မနှင်းက အဝတ်စတွေကြားမှာ အလုပ်ရှုပ်နေရင်း လှမ်းခေါ်သည်...

"ဟုတ်ကဲ့...မနှင်း..."

"ဒီမှာ သစ္စာပွဲတက်စရာရှိလို့ အရေးတကြီး ချုပ်နေရတာ...မင်းလက်ရာကို တို့သေချာကြည့်ပြီးပြီ...အဆင်ပြေတယ်...နောက်မှပဲ လုပ်ရမယ့်နေရာကို သေချာပြောတော့မယ်...အခုတော့ ကိုယ့်ကို ဒါလေး ပြီးအောင် ဝိုင်းလုပ်ပေး..."

ပျာယာခတ်ကာပြောနေတာမို့ သူမလဲမနေသာတော့ပါ...မနှင်းက မနေ့ကထက် ပိုပြီးသူမအပေါ် ပျော့ပြောင်းနေသလိုပင်...

တစ်မနက်လုံး တကုပ်ကုပ်နဲ့ အလုပ်ရှုပ်ပြီးတော့မှ မနှင်းစိတ်တိုင်းကျတဲ့ ပုံကြမ်းထွက်လာတယ်...ရွှေရုပ်လဲ တော်တော်ကို မူးနောက်နေပြီ...

"အင်း...ခဏလောက်နားကြရအောင်...lunchစားရင်းနဲ့...ကျန်တာကိုတော့ ညနေမှပဲ ဆက်လုပ်ကြရအောင်..."

"ဟုတ်ကဲ့ မနှင်း..."

မနှင်းဆီက ခွင့်ပြုချက်ရတာနဲ့ ရွှေရုပ် သန့်စင်ခန်းဆီ သွားဖို့ ကမန်းကတန်း ထလိုက်မိသည်...ရင်ထဲက ပျို့တက်လာသည့် ခံစားချက်က တော်တော်ဆိုးဆိုးဝါးဝါးပင်...

ရုတ်တရက် ထအရပ်မှာ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မျက်လုံးတွေ ပြာသွားကာ ဒူးညွတ်ကျသွားတော့တယ်...

"ဟင်...ရွှေရုပ် ဘာဖြစ်တာလဲ... ဟာ...ကိုယ်တွေလဲ ပူခြစ်နေတာပါလား..."

စိတ်ပူတကြီး ရေရွတ်နေတဲ့မနှင်းရဲ့အသံကို ကြားပြီးတဲ့နောက်မှာ အသိဉာဏ်တွေအကုန်လုံး မှောင်အတိကျသွားပါတော့တယ်...

ရွှေရုပ်Where stories live. Discover now