အပိုင်း ၂၁

8K 581 74
                                    

Unicode

"ရွှေရုပ်... "

ဆတ်ခနဲ ထထိုင်ရင်းက အခန်းထဲ ဝေ့ဝဲကြည့်မိသည်...ရွှေရုပ်အခန်းဆီ ရောက်နေတာဖြစ်၍ ဦးနှောက်ကို မြန်မြန်အလုပ်ပေးလိုက်သော်လဲ ဘာမှ စဥ်းစား၍မရချေ...အခန်းထဲမှာလဲ ရွှေရုပ်က မရှိ၍ အောက်ထပ်သို့ ဆင်းသွားပြီထင်ပါသည်...

ကုတင်အစွန်းမှာ ထိုင်လိုက်ရင်း ဒီနားလေးမှာထိုင်ကာ ရွှေရုပ်ကို ပွေ့ပိုက်နမ်းနေမိသလိုအဖြစ်က အာရုံထဲ ဝင်လာတာကြောင့် သစ္စာ တုန်လှုပ်သွားရသည်...အတင်းဖြစ်ညှစ်စဥ်းစားသော်လည်း ဆက်၍ စဥ်းစားမရပေ...

သူမကြိုက်တာကိုများ ဆက်လုပ်မိသွားတာလား...ခေါင်းတွေက ကိုက်ခဲလာကာ ရင်ထဲမှာ သောကတွေ ပြည့်လာရသည်... အတင်းအကျပ်သိမ်းပိုက်ခဲ့သည့်တိုင် သူ ထပ်မထိရန် ပြောခဲ့သည့်နေ့မှစ၍ သစ္စာ ဆင်ခြင်ခဲ့သည် ... ခုတော့ အားလုံး ရေစုန်မျောကုန်ပြီလား...

ခြေလှမ်းတို့က မြန်မြန်သွက်သွက်ဖြင့် အောက်ထပ်ကို ဦးတည်လာသည်...

"ဟော သစ္စာတောင် နိုးပြီလား..."

"ဟုတ်တယ် ဒေါ်ကြီး..."

ပြန်ဖြေရင်း ရွှေရုပ်ကို ဝေ့ဝဲရှာသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရ...

"သစ္စာတောင် နိုးလာပြီကို ရွှေရုပ်က ခုထိ အိပ်နေသေးတာလားမသိဘူးကွယ်...ဆင်းမလာသေးဘူး..."

"ဟင်...ရွှေရုပ်က အပေါ်ထပ်မှာ မရှိပါဘူး ဒေါ်ကြီးရဲ့..."

"ဟုတ်လား...ဘုရားခန်းထဲမှာများလား..."

အပေါ်ထပ်ကို ပြန်ပြေးတက်လာရင်း သူမ မောဟိုက်လာသည်...

"ရွှေရုပ်..."

အသံပေးနေသည့်တိုင် ပြန်ထူးသံမကြားရဘဲ ဘုရားခန်းထဲ ဝင်ကြည့်တော့လဲ မရှိပါ...စိုးရိမ်နေသော အဖြစ်က ရင်ကို ဒိန်းခနဲ ဝင်ဆောင့်သည်...

"ဟင့်အင်း ဟင့်အင်း..."

ဆောက်တည်ရာမရ ရေရွတ်ကာ ခေါင်းကို ဖိကိုင်ထားမိသည်... ဘာဆက်လုပ်ရမလဲစဥ်းစားရင်းက အခန်းထဲ မြန်မြန်ပြန်လာကာ ဖုန်းကို ကောက်ကိုင်လိုက်သည်...နှင်းရဲ့ နံပါတ်ကို နှိပ်လိုက်ရင်း ဖုန်းဝင်တာကို စောင့်ရင်း ဂဏာမငြိမ်စွာ ဟိုဒီလျှောက်နေလိုက်သည်...

ရွှေရုပ်Où les histoires vivent. Découvrez maintenant