အပိုင်း ၂၂

8.3K 585 46
                                    

Unicode

"ဘာတွေဖြစ်နေတာလဲ သမီး..."

သစ္စာ၏ သိသိသာသာငိုထားဟန်ရှိတဲ့မျက်နှာကို ကြည့်ပြီး ဒေါ်မိုးမြင့် စိတ်မသက်မသာဖြစ်ရသည်...

"မာမီက သမီးကို ဆူမလို့ ပူမလို့မဟုတ်ရပါဘူး ကလေးရယ်...အရင်ကတည်းက သမီးဘယ်သူ့ကိုပဲ ရွေးချယ်ရွေးချယ် မာမီက လက်ခံပေးမယ်လို့ပြောခဲ့တယ် မဟုတ်လား...အခုက မာမီ့ကို မပြောမဆိုနဲ့ လုပ်လို့ စိတ်နည်းနည်းဆိုးသွားတာပါကွယ်...​"

ကိုယ့်ကို အမြဲတစေ နားလည်လက်ခံပေးတဲ့ မာမီ့ကို ဘာလို့အစကတည်းက ဒီပြဿနာတွေကို ဖွင့်မပြောခဲ့ရလဲဟု တွေးမိရင်း သစ္စာ ပိုပြီး ဝမ်းနည်းလာရသည်...မာမီက သစ္စာကို ငြိမ်းငြိမ်းချမ်းချမ်း ငုံ့ကြည့်ရင်း အနားကို လာထိုင်သည်...

"အခု မာမီ့ကို ပြောပြတော့...သမီးလက်ထပ်ယူထားတဲ့ မိန်းကလေးက ဘယ်သူလဲ...ဘယ်မှာနေနေကြသလဲ..."

သစ္စာ အပြင်က လာတာမလို့ မာမီက တခြားနေရာမှာ တူတူနေကြသည်ဟု ထင်နေပုံရသည်...အရာအားလုံးသည် မာမီထင်သလို မရိုးစင်းလှကြောင်း ပြောပြဖို့ရာ သစ္စာ အားယူနေရသည်...

"သမီး မှားသွားတယ် မာမီ..."

"ဘာကိုလဲ..."

"သမီး သူ့ကို သဘောကျလို့ လက်ထပ်ယူခဲ့တာမဟုတ်ဘူး...အငြိုးနဲ့ နှိပ်စက်မလို့ ယူခဲ့တာ..."

"ဘယ်လို သမီး..."

"မာမီ သူ့ကို သိပါတယ်...သမီးအရင်နေခဲ့တဲ့အိမ်ကပါ...ဖေဖေ့ကို ထောင်ထဲထည့်ပြီး သမီးကို မိဘမဲ့ဂေဟာကို ပို့ခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းသော သမီးပဲ..."

ဒေါ်မိုးမြင့် တအံ့တသြဖြစ်ရသည်...သစ္စာကို ဘာနောက်ကြောင်းပဲရှိရှိ အကောင်းဆုံး ပျိုးထောင်ပေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် သူမ မွေးစားခဲ့တာဖြစ်သည်...ဒီကိစ္စကို သူမ မသိခဲ့ရရိုးအမှန်ပါ...ခုတော့ သစ္စာရဲ့ စိတ်ဒဏ်ရာတွေကို လျစ်လျူရှုထားမိသလို ဖြစ်သွားခဲ့ပြီ...

"သမီးဖေဖေက မတရားခံခဲ့ရတာလား သစ္စာ... "

"ဟုတ်တယ် မာမီ...သမီး သေလောက်အောင် နာကျည်းခဲ့ရတယ်...အဲအတွက် အဲလူတွေကို လက်စားချေဖို့ စုံစမ်းခဲ့တယ်...ဒါပေမယ့် သူတို့က ကားအက်စီးဒန့်နဲ့ ဆုံးသွားပြီး သူတို့သမီးပဲ ကျန်ခဲ့တာ...ဘာမှမဆိုင်သလိုဆိုပေမယ့် သမီးရဲ့ ဒေါသတွေကို ဖွင့်ချဖို့ သူပဲ ရှိနေခဲ့တာ..."

ရွှေရုပ်Where stories live. Discover now