အပိုင်း ၈

7.8K 607 11
                                    

Unicode

ဒီနေ့ဟာ ရုံးပိတ်ရက်ပေမယ့် ရွှေရုပ် မိုးလင်းကတည်းက မွန်းလွဲပိုင်းအထိ တစ်ချက်မှ မနားရသေးပါချေ...အကြောင်းရင်းက မမသစ္စာက ဧည့်သည် လာစရာရှိ၍ ညနေစာ စီစဥ်ခိုင်းထားခြင်းကြောင့်ဖြစ်သည်...

ဧည့်သည်တစ်ဦးသာလာမည်ဟုပြောသော်လဲ စီစဥ်ခိုင်းထားသည့် ဟင်းအမယ်တွေမှာ မနည်းမနော...ဟိုတယ်ကနေ မှာလိုက်လျှင်ရမည့်ကိစ္စကို တမင်ပင် ရွှေရုပ်ကို တာဝန်ပေးသည်...ရွှေရုပ်မှာ ဒီလိုဟင်းပွဲတွေအားလုံးကိုတော့ မချက်တတ်ပါ...ဒါပေမယ့် ဝိုင်းလုပ်သည့်ကောင်မလေးတွေအားလုံးက တော်တော်ချက်တတ်ကြ၍ စိတ်သက်သာရပါသည်...

"မမလေး ဒါလေး မြည်းပေးပါဦး..."

ရွှေရုပ်က သီးစုံချဥ်ဟင်းကို အနည်းငယ် မြည်းကြည့်ပြီးတော့ အားပါးတရ လက်မထောင်ပြလိုက်သည်...

"ကောင်းလိုက်တာ...ဘာမှတောင် ပြင်စရာမလိုတော့ဘူး...ကွက်တိပဲ..."

ရွှေရုပ်ကို ကြည့်ပြီး သူတို့က ရယ်ကြပါသည်...ဟိုနေ့က ကိစ္စဖြစ်ပြီးတော့ ရွှေရုပ်ကသာ နေရခက်နေပေမယ့် သူတို့ကတော့ ပေါ့ပေါ့ပါးပါးသာ...အဲတော့မှ ရွှေရုပ်လဲ နည်းနည်းစိတ်ထဲ အဆင်ပြေလာသည်...

"မမလေး...ဒီပုစွန်က ကင်မှာလားဟင်..."

"မမလေးလို့ မခေါ်ပါနဲ့...ရွှေရုပ်လို့ပဲ ခေါ်လို့ ပြောထားတာကို..."

"မလုပ်ပါနဲ့ မမလေးရယ်...တော်ကြာနေ သခင်မလေး ကြားသွားမှဖြင့်..."

ကြားသွားလဲ ဘာမှဖြစ်မည်ဟု မထင်ပါ...ဆက်မငြင်းချင်တော့တာနဲ့ ရွှေရုပ်လဲ အသာငြိမ်နေလိုက်တော့သည်...

"အင်း...ပုစွန်ကင်ဖို့ မှာထားတယ်...စားခါနီးမှ သုပ်ပါတဲ့..."

ဟင်းပွဲတွေအပြင် အမြည်းဆန်ဆန်တွေပါ လုပ်ခိုင်းထားသဖြင့် သူတို့သောက်ဦးမှာလားလို့ ရွှေရုပ်တွေးမိလိုက်သည်...ဘာပဲလုပ်လုပ်ပေါ့လေ...ကိုယ့်နဲ့ဘာဆိုင်တာမှတ်လို့...

"အားလုံးနီးပါးတော့ ပြီးနေပြီ...အသုပ်တွေနဲ့ ဟင်းရည်က လာခါနီးမှ ပြင်မှာနော် မမလေး..."

"အင်း...ဟုတ်တယ်... ခုက ဘယ်အချိန်ရှိပြီလဲ..."

"၃နာရီလောက်ပဲ ရှိသေးတယ်...မမလေး သွားနားပါလား...ကျန်တာ နုနုတို့ ဆက်လုပ်လိုက်ပါ့မယ်..."

ရွှေရုပ်Where stories live. Discover now