Extra 2

9.7K 639 56
                                    

Unicode

"သစ္စာ ချီကြည့်မလား..."

ဒေါ်ကြီးက သစ္စာတို့ကို ပြရန် သူ့မြေးကို သွားချီလာတာဖြစ်သည်...အိမ်အလယ်မှာ ထိုင်လိုက်ကြရင်းမှ ဒေါ်ကြီးက ကလေးကို သစ္စာဆီ ထိုးပေးလာသည်...

ရုတ်တရက် မချီရဲဘဲ ခြေကားယားလက်ကားယားနဲ့ ကလေးလေးကို သစ္စာ အသည်းတယားယားနဲ့ ကြည့်နေမိသည်...အသားတွေမှာ နီနေကာ တော်တော်လဲ ဖောင်းလုံးနေသည်...

"မချီရဲဘူး ဒေါ်ကြီး ...လွတ်ကျသွားလိမ့်မယ်..."

"ဪ ဒီမှာ ဒေါ်ကြီး ပြပေးမယ်...ဒီလိုလေး လက်ကို ယှက်ပြီး အသာပွေ့လိုက်...ပြုတ်ကျမှာစိုးရင် မြှောက်မချီနဲ့...ပေါင်ပေါ်အသာလေးတင်ထား..."

ဒေါ်ကြီး ပြောသည့်အတိုင်း ကလေးကို မဝံ့မရဲ ပွေ့နေသော မမကို ရွှေရုပ် ပြုံးကြည့်နေမိသည်...ဒီလို နူးနူးညံ့ညံလေး မမြင်ရတာ ကြာပြီကိုး...တစ်ဆက်တည်း ကလေးရဲ့ ပါးလေးကို ချစ်စနိုး လက်နဲ့ အသာတို့ထိကြည့်နေတာကို မြင်ရပြန်တော့ ရင်ထဲ မကောင်းဖြစ်ရသည်...အင်း...မမကို မြင်ချင်ခဲ့တဲ့ ပျော်ဖို့ကောင်းတဲ့မိသားစုဘဝလေးကို ရွှေရုပ်က အပြည့်အဝ ပေးနိုင်ပါ့မလား...

"ဟာ ငိုပြီ ဒေါ်ကြီးရေ..."

မျက်နှာတွေနီမြန်းလာကာ လက်သီးသေးသေးလေးကို အတင်းဆုပ်၍ အော်မလို့ပြင်လာတဲ့ ကလေးလေးကြောင့် သစ္စာ လန့်သွားရသည်...ဒေါ်ကြီးကို အော်ခေါ်ရင်း ရွှေရုပ်ကိုပါ လှမ်းကြည့်မိသည်...ရွှေရုပ်က ရယ်ရင်း သစ္စာအနားကို လာထိုင်ပါသည်...

"ငိုရင် ချော့ပေါ့ မမရဲ့...ဘာလို့အော်နေတာလဲ..."

"ချော့မတတ်လို့လေ...လုပ်ပါဦး ကလေးရဲ့..."

မျက်စောင်းအသာထိုးရင်းမှ ရွှေရုပ် ကလေးကို လက်ပြောင်းယူလိုက်သည်...ချော့မတတ်လို့ဆိုပဲ...ဒါ နောက်ကို ကိုယ်စိတ်ဆိုးရင်လဲ ချော့မှာမဟုတ်ဘူးလို့ အပြီးစကားရိပ်သန်းထားတာလား...

"တိတ် တိတ်... မငိုပါနဲ့ ဖိုးခွားရဲ့...မမကို ကြည့်...ဒီမှာ ဒီမှာ..."

ကလေးကို အာရုံပြောင်းအောင်လုပ်ရင်း ချော့နေတဲ့ ရွှေရုပ်က သစ္စာ မျက်လုံးထဲမှာတော့ တကယ် အသည်းယားဖို့ကောင်းနေတာပါပဲ...ဖြစ်နိုင်ရင် အမြဲတမ်း ကောက်ပွေ့ထားချင်တာ...ရန်ကုန်မြန်မြန်ပြန်မှပဲ...ဒီမှာကြာရင် ကိုယ့်စိတ်ကို ထိန်းနိုင်တော့မည်မဟုတ်...

ရွှေရုပ်Where stories live. Discover now