"မမ... မီးမီးလဲ ပန်းခူးမယ်..."
"ဖြေးဖြေးလာလေ ရွှေရုပ်လေး...မှောက်ကျရင် ဘယ်လိုလုပ်မလဲ..."
"မကျပါဘူး မမကလဲ..."
အနားကို ပြေးလာကာ ထိုင်ချလိုက်သည့် ရွှေရုပ်လေးကို သစ္စာပြုံးကြည့်နေမိသည်...
ခြံထဲရှိ ဝေနေအောင် ပွင့်နေသည့် စံပယ်ပန်းလေးများလေးကို ညနေစောင်းတိုင်း သစ္စာခူးကာ ဘုရားကပ်လေ့ရှိသည်...တစ်ခါတစ်လေ ထမင်းစားပြီး သူ့အမေလစ်တာနဲ့ ရွှေရုပ်က ပြေးလာကာ ပန်းဝိုင်းခူးနေကျ ဖြစ်သည်..."မှောင်နေပြီ ရွှေရုပ်လေး...မမတို့ ဒန်းပေါ်မှာ ပန်းသွားသီရအောင်..."
"ဟုတ် မမ..."
ဒန်းပေါ်ရောက်တာနဲ့ သစ္စာက ပန်းခြင်းကို ဘေးမှာချကာ ရွှေရုပ်လေးကို ပေါင်ပေါ်မှာ တင်သည်...အနောက်ကနေ ဖက်ထားရင်းမှ ပါးဖောင်းဖောင်းလေးကို အသာမွှေးကြူလိုက်သည်...ဒီပါးလေးကို တစ်နေ့တစ်ခါမှ မမွှေးရလျှင် သစ္စာနေလို့မတတ်တော့ပါ...
"ကျောင်းမှာ သူငယ်ချင်းတွေ အများကြီး ရှိလား ကလေးလေး..."
"အင်း အများကြီးပဲ...ဒါမဲ့ မီးမီးက မမနဲ့ပဲ ဆော့ချင်တာ..."
"အံမယ်...အတတ်လေး...သူငယ်ချင်းတွေနဲ့ဆော့ရင်တော့ မမကို မေ့နေမှာပါ..."
"မေ့ပါဘူးဆို မမကလဲ..."
ရွှေရုပ်ကို သူ့အမေက နာမည်ကြီးကျောင်းမှာထားတာ ဖြစ်ပြီး သစ္စာကတော့ ဒီရပ်ကွက်မှာရှိတဲ့ ကျောင်းမှာပဲ တက်ရတာမို့ ကျောင်းတက်ရက်တွေမှာ မတွေ့ရပါ...ပိတ်ရက်တွေမှာတေ့ ရွှေရုပ်က သစ္စာနားကကို မခွာတာပါ...
"မီးမီး ဒီပန်းကြိုက်တယ်..."
"ပန်မလား...မမက သီပေးမယ်လေ..."
"ဟုတ်... "
ရွှေရုပ်လေးကို ပေါင်ပေါ် တင်ထားတာ အတော်ကြာသည့်တိုင် သစ္စာညောင်းသည်ဟု မခံစားရပါ...သစ္စာ ဒီကလေးမလေးကို သိပ်ချစ်သည်...စမြင်ဖူးကတည်းက သစ္စာကို ပြုံးပြပြီး မမလို့ ခေါ်လိုက်ကတည်းက ဘယ်သူနဲ့မှ မတူအောင် ချစ်ခဲ့ရတာဖြစ်သည်...ရွှေရုပ်လေးကလဲ ကိုယ့်ကို သိပ်တွယ်တာသည့်အတွက် ကျေနပ်ရပါသည်...
YOU ARE READING
ရွှေရုပ်
Romantikkရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ... ရင္ဘတ္ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက်ကို ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ...