အပိုင်း ၂

9.3K 645 11
                                    

Unicode

မှောင်မည်းနေတဲ့ အခန်းကျဥ်းလေးထဲကို လျှောက်ဝင်လိုက်တော့ နံရံကို မျက်နှာမူပြီး ထိုင်နေသူတစ်ဦးကို ဝိုးတဝါးတွေ့ရတယ်...

"ဖေဖေလား..."

ဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အခန်းထဲ သူမအသံက ပျံ့လွင့်သွားတော့ ထိုလူက အသာလှည့်ကြည့်တယ်...

"ဖေဖေ...ဘာလို့ငိုနေတာလဲ... ဟင်..."

"စိတ်မချလို့...ငါ့သမီးကို တစ်ယောက်တည်းထားရမှာ စိတ်မချလို့ပေါ့ကွယ်..."

"ဟင့်အင်း...သမီးအဆင်ပြေပါတယ် ဖေဖေရဲ့..."

"မဟုတ်ဘူး... ဖေဖေမှားပြီထင်တယ်...သူတို့က စကားမတည်လောက်ဘူး..."

"မငိုပါနဲ့ ဖေဖေရယ်...ဖေဖေငိုရင် သမီးဘယ်လိုလုပ်နေရမလဲ ... "

"သမီးကို ဖေဖေထားခဲ့ရတော့မယ်...ဖေဖေစိတ်မချဘူး ..."

"မသွားပါနဲ့ ဖေဖေရယ်...သမီးကို ခဏလောက် ဖက်ထားပေးပါ..."

"ဖေဖေ..."

ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်ရင်း မောဟိုက်နေသော ရင်ဘတ်ကို လက်နဲ့အသာဖိထားရသည်...

ထုံးစံအတိုင်း မျက်နှာမှာ မျက်ရည်စတွေနဲ့...

မုန်းတယ်...အေးစက်နေတဲ့ အခန်းကျဥ်းလေးထဲ မရေရာ​ဖြစ်နေမယ့် သမီးဖြစ်သူရဲ့ဘဝကို မျှော်တွေးရင်း ရင်နာနာနဲ့ သေသွားရတဲ့ ဖေဖေ့ကို စဥ်းစားမိတိုင်း အဲ့မိသားစုကို အသည်းထဲကနေအောင်ကို မုန်းတယ်...

ကံကောင်းလွန်းတဲ့ လူယုတ်မာလင်မယားက အစောကြီး သေသွားတော့ သူတို့ရဲ့ ရင်နှစ်သည်းချာ သမီးလေးပဲ ကျန်ခဲ့တယ်...

ကိစ္စမရှိဘူး...အဓိက ပြစ်မှတ်ကလဲ အဲတစ်ယောက်ပဲ...

အိပ်ရာမှထကာ ရေချိုးခန်းထဲ ဝင်လိုက်တယ်...

ဒီနေ့တော့ အလုပ်မသွားသေးဘူး...နောက်ရက်မှပဲ သွားတော့မယ်...

ရေအနည်းငယ်စိုနေတဲ့ ဆံပင်တွေကို လက်နဲ့ သပ်ပြီး ထမင်းစားခန်းကို ဆင်းလာတော့ ဟိုတစ်ယောက်ကို မတွေ့...

ရွှေရုပ်Where stories live. Discover now