အပိုင်း ၁၇

7.9K 615 16
                                    

Unicode

"သခင်မလေး...သခင်မလေး..."

သန်းခေါင်ကျော်ပြီဖြစ်လို့ အိပ်မလို့ ကျောခင်းရုံရှိသေး...အခန်းရှေ့မှ ခေါ်သံကြောင့် သစ္စာ ဆတ်ခနဲဖြစ်သွားရသည်... အချိန်မတော် လာခေါ်နေတယ်ဆိုတော့ တစ်ခုခုများဖြစ်လို့လား...တစ်ဆက်တည်း ရွှေရုပ်ကို စိတ်ပူမိသွားသည်...ဒီနေ့တစ်နေ့လုံးတစ်ချက်မှပင် မတွေ့ရသေးပါ...

"ဘာဖြစ်လို့လဲ နုနု..."

အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနှင့် အရှေ့မှာ နုနုက အရေးတကြီးပုံစံဖြင့် ရပ်နေတော့ သစ္စာပိုစိတ်ပူသွားသည်...

"မမလေး ဖျားနေတယ် သခင်မလေး...ငြီးသံကြားလို့ ဝင်ကြည့်တော့ ပြတင်းပေါက်လဲ ဖွင့်အိပ်ထားတယ်..."

"ကျွတ်...."

အရှေ့ကနေ ပျာပျာသလဲ ပြေးဆင်းလာတော့ နုနုကလဲ အနားမှာ ကပ်ပါလာသည်... လျှောက်လာရင်း သူ့စိတ်တိုင်းကျ အဲမှာနေခွင့်ပေးလိုက်မိတဲ့ ကိုယ့်ကိုကိုယ် သစ္စာ ပိုပြီး ဒေါသထွက်လာသည်...

တန်းလျားဆီ ဝင်လာတော့ ကျန်တဲ့ကောင်မလေးတွေကလဲ ရွှေရုပ်အခန်းမှာ စုပြုံနေသည်...

"ရွှေရုပ်...ရွှေရုပ်..."

ပုခုံးကို လက်နဲ့ ခပ်ဆတ်ဆတ်ပုတ်လိုက်ပေမယ့် မျက်လုံးပွင့်မလာဘဲ ငြီးသံသဲ့သဲ့သာ ထွက်လာသည်...နဖူးနဲ့ လည်တိုင်ကို လက်ဖဝါးနဲ့ အသာကပ်ကြည့်လိုက်သည်...

"ဟာ...ပူကျစ်နေတာပဲကွာ...နင်တို့ ဒါတောင် ဂရုမစိုက်နိုင်ကြဘူးလား ဟမ်..."

ဒေါသထွက်ထွက်နှင့် အော်တော့ အကုန်လုံးက နောက်ကို ဆုတ်သွားကာ ခေါင်းငုံ့ထားကြသည်... ဒင်းတို့နဲ့တော့ မဖြစ်တော့ဘူး... ငယ်ကြသေးတော့ ဘာကိုမှ ကြိုတွေးမတတ်ကြပေ...ရွှေရုပ်နဖူးကို ပြန်စမ်းမိတော့လဲ အပူရှိန်က တရိပ်ရိပ်တက်နေလျက်....

"နုနုနဲ့နောက်တစ်ယောက် အပေါ်ကို လိုက်ခဲ့...".

အသာပွေ့ယူလိုက်တော့ ပူနွေးနေတဲ့ကိုယ်လေးက လက်ထဲ ပျော့ခွေပြီးပါလာသည်... အိမ်ဘက်ကို လျှောက်လာရင်း ဝဲလာတဲ့ မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းနေရသည်... သစ္စာသည် အပူတွေကြား၌ မလူးသာမလွန့်သာ လောင်​မြိုက် နေရသော မိန်းမတစ်ယောက်သာ ဖြစ်သည်...

ရွှေရုပ်Where stories live. Discover now