အပိုင်း ၁၄

7.9K 610 58
                                    

Unicode

"မေမေရေ့ နှင်းလာပြီ..."

အသံကျယ်ကျယ်နဲ့အော်​ပြောလိုက်တဲ့ ထည်ဝါ့ရဲ့အသံနောက်မှာ ထည့်ဝါ့အမေ အန်တီခင်လေးက လှုပ်တုပ်လှုပ်တုပ်နဲ့ ထွက်လာလေသည်...

"ဪ ဘာလို့ထွက်လာတာလဲ အန်တီရယ်...သမီးလာမှာပေါ့...ခြေထောက်ကလဲ နာနေတာကို..."

နှင်း ကမန်းကတန်း ပြေးတွဲလိုက်ရသည်...အန်တီခင်လေးက အဆစ်အမြစ်ယောင်တဲ့ရောဂါရှိလို့ လမ်းသိပ်မလျှောက်နိုင်ပါ...

"သမီးကို တွေ့ချင်လို့ပါကွယ်...အိမ်လာလည်လို့ ခဏခဏမှာနေတာကို ဒီကောင်လေးက မပြောဘူးလားမသိပါဘူး...ခုမှပဲ ရောက်တော့တယ်..."

"အံမယ်...ကျွန်တော်က တွေ့တိုင်းမှာနေတာပါဗျာ...သူကသာ မအားဘူးလေး ဘာလေးနဲ့ ရောက်မလာတာ..."

နှင်း ထည်ဝါ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်...အန်တီခင်လေးက နှင်းကို ငယ်ငယ်တည်းက ချီပိုးလာသူဖြစ်တဲ့အတွက် သံယောဇဥ်သိပ်ကြီးပါသည် ... နှင်း အိမ်ပြောင်းတုန်းကလဲ မိသားစုထက်တောင် သူကမျက်ရည်တစမ်းစမ်းဖြစ်နေတာဖြစ်သည်... နှင်းလဲ ကိုယ့်စိတ်ကြောင့်သာ အိမ်က ခွဲနေခဲ့ပေမယ့် အန်တီခင်လေးတို့နှင့်တော့ ဝေးဝေးမနေချင်ခဲ့တာ အမှန်ပင်...

"သမီးလဲ လာချင်​နေတာ အန်တီရယ်...တကယ်ကို ပိတ်ရက်တွေထိ အလုပ်မပြတ်လို့ ခုမှပဲ လာရတာပါ..."

"အို ဘာဖြစ်ဖြစ် ရောက်လာပြီပဲ...လာ...ဧည့်ခန်းထဲ သွားထိုင်ရအောင်..."

အန်တီခင်လေးက နှင်းလက်ကို မလွှတ်တမ်းဆွဲခေါ်သွားတော့ ထည်ဝါက အနောက်ကနေ ပြုံးစိစိနဲ့ ပါလာသည်...

"ထမင်းစားပြီးမှပြန်နော် သမီး...မဟုတ်ရင်တော့ အန်တီစိတ်ဆိုးမှာပဲ..."

"စားမှာပေါ့ အန်တီရဲ့...ဒီရောက်မှတော့ အန်တီ့လက်ရာမစားဘဲ သမီးက ပြန်မလား..."

"ဟုတ်ပြီ...ဟိုမှာတစ်ယောက်တည်းနေရတာရော အဆင်ပြေရဲ့လား သမီး..."

"ပြေပါတယ် အန်တီရဲ့...ကိုယ့်ဟာကိုယ် ချက်စားတဲ့ချက်စား အလုပ်ရှုပ်တဲ့အခါတော့ ဝယ်စားတာပေါ့...ဒါပေမယ့် ဝယ်စားဖြစ်တာတော့ များပါတယ်... "

ရွှေရုပ်Where stories live. Discover now