အပိုင်း ၁၅

8K 595 30
                                    

Unicode

ထမင်းစားခန်းထဲ ဝင်လိုက်တာနဲ့ ရွေရုပ်ကို မတွေ့ရဘဲ ထမင်းစားပွဲဘေး ကျုံ့ကျုံ့လေး ရပ်နေသော နုနုကိုပဲ မြင်လိုက်ရတာကြောင့် သစ္စာ မျက်မှောင်ကြုတ်သွားသည်... ဟန်မပျက် ဝင်ထိုင်လိုက်ပေမယ့် ရင်ထဲမှာ ဗလောင်ဆူနေသည်...

"ဘယ်မလဲ ဟိုတစ်ယောက်..."

ကော်ဖီငှဲ့ထည့်ပေးကာ နုနုက မဝံ့မရဲ ပြောလာသည်...

" မမလေးကလေ မနက်စာကို သူပဲ ပြင်သွားပြီးတော့မှ နုနုကို ဒီမှာစောင့်ဖို့ လွှတ်လိုက်တာ..."

သစ္စာ ရင်ထဲမှာ ရှုပ်ထွေးသွားသည်... ဒီအဖြစ်ကို သူမ မမျှော်လင့်ထားပေ... ရွှေရုပ်သည် ပထမဆုံးအကြိမ်အဖြစ် သစ္စာကို ကန့်လန့်တိုက်ရန် ကြိုးစားလေပြီ...

"ပြီးတော့လေ... "

"ဘာလဲ ပြော..."

"မမလေးက အထုပ်တွေ ယူချလာပြီးတော့ နုနုတို့နဲ့ အနောက်က တန်းလျားမှာ လာနေမလို့တဲ့..."

"ဘာ...."

အသံကျယ်ကြီးကြောင့် နုနုမှာ လန့်ပြီး အနောက်သို့ပင် ဆုတ်မိသည်... စိတ်ထဲမှာလဲ ဒီကိစ္စကို သူမကိုသာ ပြောခိုင်းသည့် ကျန်တဲ့ဟာတွေကို ကျိန်ဆဲနေမိသည်... ဒီမိုးမီးလောင်မည့်ကိစ္စကို မမလေး လုပ်ချလာတုန်းက အကုန်လုံး မျက်လုံးပြူးမျက်ဆံပြူးနဲ့ ဝိုင်းတားကြသော်လည်း ပြောမရပေ...

"ဟိုလေ နုနုတို့ ဝိုင်းတားပေမယ့် မရလို့ပါ...ပြီး​တော့ အလုပ်ကိုလဲ တစ်ယောက်တည်းပဲ သွားချင်တယ်ဆိုပြီး ပြောခိုင်းလိုက်ပါတယ်..."

တိတ်ဆိတ်သွားကာ သစ္စာ အရှေ့တည့်တည့်ကို စိုက်ကြည့်နေမိသည်... တစ်လျှောက်လုံး ခံစားချက်မရှိသလို နေလာခဲ့တဲ့ ရွေရုပ်သည် ယခုမူ အဆုံးထိ တော်လှန်မည့်သဘောရှိသည်... ရှိုက်သံတွေကြားက သတ်သေလိုက်မယ်ဆိုသော အသံကို ပြန်ကြားယောင်မိသောအခါ သောက်ချလိုက်သော ကော်ဖီသည် ပုံမှန်ထက် ပိုခါးလာသည်...

"အဲတန်းလျားထောင့်မှာ အခန်းတစ်ခု ရှိတယ်မလား... "

ဒေါသတကြီး ပေါက်ကွဲတော့မည်ထင်ပေမယ့် ထွက်လာတဲ့ ပုံမှန်လေသံကြောင့် နုနု သက်ပြင်းကို ခိုးချလိုက်သည်... မျက်နှာကို အကဲခတ်ကြည့်တော့လဲ တည်ငြိမ်နေသည်...

ရွှေရုပ်Where stories live. Discover now