အပိုင်း ၁၂

7.8K 585 13
                                    

Unicode

"တစ်ခုခု စားရအောင် ရွှေရုပ်..."

"ဟုတ်ကဲ့ မနှင်း..."

Junction cityထဲ ဝင်လာရင်း မနှင်းက ပြောသည်... modelကို ကိုယ်တိုင်း သွားယူပြီးတော့ အချိန်က တော်တော်လင့်နေပြီမို့ ရွှေရုပ်လဲ ဗိုက်တော်တော်ဆာနေလေပြီ...

"ဘာစားချင်လဲပြော...အစ်မက အပြင်ရောက်တုန်းလေး ဝယ်ကျွေးမလို့..."

"ရပါတယ် မနှင်းရဲ့...ရွှေရုပ်က ဘာဖြစ်ဖြစ် စားတယ်... မနှင်း စားချင်တာသာ စားပါ..."

"မရပါဘူး... ပြော ဘာစားမလဲ.... "

မနှင်းက ရွှေရုပ်ကို ခပ်ပြုံးပြုံး လှည့်ကြည့်ရင်း ပြောလာတော့ ရွှေရုပ် ငြင်းရခက်သွားသည်...မျက်လုံးထောင့်မှာလဲ YKKOကို ရိပ်ခနဲ မြင်လိုက်သဖြင့် ကြေးအိုးစားဖို့သာ ပြောလိုက်တော့သည်...

"ဒါဖြင့် ရွေရုပ် ကြေးအိုးပဲ သောက်တော့မယ်...မနှင်းရော စားရဲ့လား..."

"စားတယ် အစ်မက... လာ သွားရအောင်..."

ခုနောက်ပိုင်း မနှင်းက သူ့ကိုယ်သူ အစ်မဟုသာ သုံးနှုန်းတတ်လာသည်...အဲလို ပြောလာတိုင်း ရွှေရုပ် ပျော်ပါသည်... စိတ်ထဲမှာလဲ ဒီလိုအစ်မအရင်းတစ်ယောက်သာ ရှိရင် ဘယ်လောက်ကောင်းမလဲလို့လဲ တွေးနေမိသည်...

"ကြေးအိုးကြိုက်လား ရွေရုပ်က..."

ဆိုင်မှာ ထိုင်ပြီး မှာပြီးတော့ မနှင်းက မေးလာသည်... ရင်ထဲအနည်းငယ် မကောင်းပေမယ့် ရွှေရုပ် ပြုံး၍သာ ပြန်ဖြေလိုက်ပါသည်...

"ဟုတ်...ဖေဖေရှိတုန်းကဆို ရွှေရုပ်ကို ခဏခဏဝယ်တိုက်လို့လေ..."

"ဪ..."

ညှိုးနွမ်းသွားသော မျက်နှာလေးကြောင့် နှင်း စိတ်မကောင်းဖြစ်သွားသည်... တစ်ခါတစ်ရံ အမှတ်တမဲ့ မေးလိုက်တဲ့ အရာတွေကလဲ တစ်ဖက်သားကို စိတ်ထိခိုက်စရာတွေ ဖြစ်သွားစေနိုင်ကြောင်း ဆင်ခြင်မိသွားရသည်...ထို့ကြောင့် ခပ်မြန်မြန်ပဲ စကားလွှဲလိုက်ကာ...

"အမှန်ကလေ ဒီနေ့တွေ့တဲ့ model က ရွှေရုပ်လောက်တောင် မလှတာ အမှန်ပဲ သိလား..."

"မဟုတ်တာ.... မနှင်းရယ်...သူကဒီလောက်လှတာကို ရွှေရုပ်က ဘယ်နားက လှလို့လဲ..."

ရွှေရုပ်Hikayelerin yaşadığı yer. Şimdi keşfedin