Extra 1

9.6K 606 50
                                    

Unicode

"မမ... "

ဒီခေါ်သံလေးကို ပြန်ကြားခွင့်ရနေတာ သေချာသည့်တိုင် ခုထိကို မယုံရဲသေးချေ...ထို့အပြင် နားထောင်၍လဲမဝ...ရွှေရုပ်က ထမင်းဝိုင်းတစ်ဖက်ကနေ သစ္စာကို ကြည်ကြည်လင်လင် ပြုံးပြနေသည်....

"ထမင်းစားမယ်လေ..."

"အင်း စားမယ်လေ ကလေး...ဒေါ်ကြီးရော..."

"ဒေါ်ကြီးက သူ့မြေးပေါက်စအိမ်သွားတယ် မမရဲ့...ပြန်လာမှစားမယ်တဲ့....ရွှေရုပ်တို့ အရင်စားနှင့်ကြမယ်လေ...မဟုတ်ရင် မမ ဗိုက်ဆာနေလိမ့်မယ်..."

"အင်း ဒါဆို စားကြမယ်လေ...ဒေါ်ကြီးမြေးက ဘယ်အရွယ်ရှိပြီလဲ ကလေး..."

"သုံးလေးလလောက်ပဲ ရှိသေးတာ မမ...ရွှေရုပ်တောင် သွားမကြည့်ရတာ ကြာပြီ..."

သစ္စာရဲ့ ပန်းကန်ထဲကို ဟင်းတွေ ခပ်ထည့်ပေးရင်း ရွှေရုပ်က အားပါးတရ ပြောပြသည်...သစ္စာမှာမူ ရှင်းသန့်နေတဲ့ မျက်နှာလေးကိုသာ တမေ့တမော ကြည့်နေမိသည်...

"သိလား မမ...ကလေးလေးကလေ ဝဝကစ်ကစ်လေး ဖြူဖွေးနေရောပဲ... တအားချစ်ဖို့ကောင်းတာ..."

"ဟုတ်လား... အစပ်တွေအများကြီး ​မစားနဲ့လေ...ဗိုက်အောင့်လိမ့်မယ်..."

ရွှေရုပ်ရဲ့စကားကို နားထောင်ရင်းမှ သူ့ပန်းကန်ထဲ ပုစွန်ဆိတ်လေးတွေကို ငရုတ်သီးစိမ်းတွေနဲ့ချက်ထားသည့်ဟင်းကို ခပ်ထည့်နေတော့ ပါးစပ်က အလိုလို တားမိပြန်သည်...ရွှေရုပ်က ကြည်ကြည်သာသာပဲ ဇွန်းကို ပြန်ချကာ ပြောလာသည်...

"နည်းနည်းပဲ စားမှာပါ မမရဲ့...မမရော စားမကောင်းဘူးလားဟင်..."

"အင်း...စားလို့က ကောင်းပါတယ်... ခရီးပန်းလာလို့ ဖြစ်မယ်...လူက နုံးနေတာ..."

"ဟုတ်လား... ဒါဆိုရင် စောစောနားလိုက်နော်...တော်ကြာ နေမကောင်းဖြစ်သွားမှဖြင့်..."

လူကြီးကို ကလေးက စိတ်ပူနေတာပဲ...သစ္စာ သဘောတကျ ပြုံးမိသွားသည်...အင်း...စိတ်ချမ်းသာလိုက်တာ...

"အင်း မမကို စိတ်မပူနဲ့... ထမင်းသာ သေချာစား..."

"ဟုတ်... "

ရွှေရုပ်Donde viven las historias. Descúbrelo ahora