Extra 4

9.7K 427 35
                                    

Unicode

"Hello..."

"ကျန်းခံ့သာလို့ မာပါရဲ့လား ဒေါ်သစ္စာ..."

ခပ်နောက်နောက်ထွက်လာတဲ့ နွယ်ရဲ့အသံကြောင့် သစ္စာပြုံးမိသွားရသည်။

"မာလွန်းလို့...နင်ပူစရာကို မလိုဘူးဟုတ်ပြီလား..."

"အောင်မယ်...သူ့ဟာလေးနဲ့အဆင်ပြေနေတော့ အသံကတစ်မျိုး...."

"ဟားဟား..."

"အသံကိုက မေတ္တာကိုမရှိဘူးဟယ်...နင် ငါ့ကိုတော့ ရန်ကုန်ရောက်တာ ဒီလောက်ကြာနေပြီ...အခုထိ လာမတွေ့ဘူးနော်..."

"နင်က ချက်ချင်းကြီး ပြန်မယ့်လူမလို့လား...ငါက အပြေးအလွှားလာတွေ့ရအောင်...မှန်းစမ်း နင်ယောကျာ်းယူတော့မလို့လာတာမလား..."

"တော်စမ်းပါ...နင့်ကိုကြည့်ပြီး ပူလောင်လွန်းလို့ ယူချင်စိတ်ကိုမရှိဘူးသိလား..."

"ကောင်းတဲ့အခါလဲရှိပါတယ်ဟ..."

"တော်စမ်းပါ...ဘာလဲ အခုထိ တစ်ချောင်းထိုးက မတက်တဲ့သူကများ..."

"တော်လိုက်စမ်း နင်...ငါက ကလေးကို သနားလို့ကို..."

"ဘာမှမဆိုင်ဘူး အဲဒါနင်အသုံးမကျတာပဲ..."

"ဒီနွားက‌တော့ နင့်ကို သေတောင်လာမတွေ့ဘူး မှတ်ထားစမ်း..."

ဖုန်းမချခင် တစ်ဟားဟားရယ်နေသော နွယ်ရဲ့အသံကြောင့် သစ္စာ စိတ်တွေတိုလာရသည်။ငါ့ကိုများ ပြောသွားလိုက်တာ လုပ်ရည်ကိုင်ရည်မရှိတဲ့သူကျလို့။မလုပ်ချင်လို့ကြည့်နေတာ။တကယ်လဲကြည့်နေရတာ နှစ်ပတ်ရှိပါပြီ။မချင့်မရဲဖြစ်လာကာ သစ္စာဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဝါဝါ...ရွှေရုပ်ကို ခဏခေါ်ပေးပါ...ပြီးရင် အခန်းထဲ ဘယ်သူမှမလာစေနဲ့..."

တစ်နေ့နေလို့ မနက်လင်းချိန်နှင့် ညအိပ်ရာဝင်ချိန်မှသာ တွေ့ရသည်။ကိုယ့်မျက်စိရှေ့မှာထားဖို့ပြောသော်လည်း သူ့အစ်မနားမှ မခွာနိုင်ပါလို့ဆိုလာတော့ လက်လျှော့ပေးလိုက်ရသည်။ညရောက်တော့လဲ အနားကပ်ရဖို့နေသာသာ ပင်ပန်းနေတဲ့မျက်နှာလေးနှင့် အစောကြီးအိပ်အိပ်သွားသည်။ဒီနေ့တော့ သည်းမခံနိုင်တော့ပါ။

ရွှေရုပ်Where stories live. Discover now