အပိုင်း ၃

8.7K 622 3
                                    

Unicode

မနက်အစောကြီး ရှိနေသေးပေမယ့် ရွှေရုပ် kitchenထဲ ဝင်လာလိုက်တယ်...

အကူကောင်မလေးတွေက တအံ့တသြ ကြည့်နေကြသည်...

"မနက်စာ ရွှေရုပ် ​လုပ်မှာမို့လို့ သွားပြန်နားကြပါနော်...နောက်ရက်တွေလဲ ရွှေရုပ်ပဲ လုပ်မှာပါ..."

"ဟုတ်ကဲ့..."

ကောင်မလေးတွေ ထွက်သွားတော့မှ ကော်ဖီဖျော်ဖို့ ပြင်လိုက်သည်...

သင်ထားသည့် ပညာတွေ အသုံးချရတော့မည်ပေါ့...

မဝါ လာပေးသည့် တက်ရမည့် သင်တန်း schedule ထဲမှာ ကော်ဖီလို drink သင်တန်းပါလာတော့ ရွှေရုပ် အံ့သြခဲ့ရသေးသည်...

သိပ်ကို အကွက်စေ့တဲ့သူပေပဲ...ခေါင်းထဲမှာ အတွေးမျိုးစုံပြေးလွှားနေပေမယ့် လက်ကတော့ ကော်ဖီကိုသာ အချိုးတကျ ဖျော်နေမိသည်...

ဘာကို ကြိုက်လောက်မည်မသိသဖြင့် ပေါင်မုန့်ကြက်ဥကြော် ပေါင်မုန့်မီးကင် စသဖြင့် အဆင်ပြေအောင် လုပ်ထားလိုက်သည်...

၇နာရီခွဲ လောက်​တော့ အပေါ်ထပ်ကနေ style pantအမည်းကို ရှပ်အဖြူနဲ့ တွဲဝတ်ထားပြီး ဆင်းလာတဲ့ သူမကို တွေ့ရသည်...

အမြဲတည်နေသော မျက်နှာနှင့် ရွှေရုပ်ဆွဲထုတ်ထားပေးတဲ့ ခုံမှာ ဝင်ထိုင်သည်...

ကော်ဖီငှဲ့ပေးနေတာကိုလဲ ကြည့်နေသည်...

ငှဲ့ပေးပြီးတော့ နောက်ကို နည်းနည်းဆုတ်ကာ မျက်လွှာချပြီး ရပ်နေတဲ့ ရွှေရုပ်ကို လှည့်ကြည့်လိုက်ပြီး...

"ထိုင်..."

"ကျွန်မ နောက်မှပဲ..."

"ငါပြောသလိုလုပ်..."

သက်ပြင်းကို အသာချကာ သူ့ရှေ့က ခုံမှာ ဝင်ထိုင်လိုက်သည်...

စားသာစားနေရသည်...ဘာတွေ ဝင်သွားမှန်းလဲမသိ...ကြာတော့ တအားနေရခက်လာကာ ရွှေရုပ်ထရပ်လိုက်မိသည်...

"ဟို ကျွန်မ စားပြီးပြီမို့လို့ အပေါ်ပြန်တက်တော့မယ်..."

"ငါမထမချင်း မင်းဘယ်မှသွားခွင့်မရှိဘူး...ပြန်ထိုင်...အဲရှေ့က ပန်းကန်ကို ကုန်အောင်စား..."

ရွှေရုပ်Where stories live. Discover now