Unicode
၆ လ ခန့်ကြာသော်....
"သမီးရေ...ထမင်းစားရအောင်လေ..."
"ဟုတ်ကဲ့ ဒေါ်ကြီး...ရွှေရုပ် ဒါလေး လက်စသတ်ပြီးရင် လာခဲ့မယ်..."
ဒေါ်ကြီးကို အသံပြန်ပေးကာ ကြယ်သီးတပ်လက်စအကျီကို ရွှေရုပ် အပြီးသတ်လိုက်သည်...ပြီးမှ အိမ်ပေါ်သို့ ခပ်သွက်သွက် တက်ခဲ့လိုက်သည်...ရွှေရုပ်ရဲ့ စက်ချုပ်တဲ့နေရာကို ဒေါ်ကြီးရဲ့ အိမ်နဲ့ကပ်ရပ် ဘေးအခန်းလေး ထုတ်ထားပေးတာဖြစ်လို့ အေးအေးဆေးဆေး ရှိလှသည်...မနက်လင်းကတည်းက တကုပ်ကုပ်အလုပ်ရှုပ်နေတတ်တဲ့ရွှေရုပ်ကို အမြဲထမင်းစားဖို့ ဒေါ်ကြီး အော်ခေါ်ရတာလဲ အကျင့်ဖြစ်နေပြီလေ...
"ဘာဟင်းတုံး ဒေါ်ကြီးရဲ့..."
"ပုစွန်တာလပေါချက်ရယ် ကန်စွန်းရွက်ကြော်ရယ် နောက်ဒေါ်ကြီးအကြိုက် ငါးပိချက်ရယ်ပေါ့..."
"ဟီး...ငါးပိချက်က ရွှေရုပ်လဲ ကြိုက်တယ်လေ ဒေါ်ကြီးရဲ့..."
"အံမယ် ကြိုက်လဲ အများကြီး မစားရပါဘူး...ကျုပ်ဆူခံထိလိမ့်မယ်..."
ပြောမိပြီးမှ ဒေါ်ကြီးက လန့်ကာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ပြူးကြည့်လာသည်...ရွှေရုပ် ပြုံးတုံ့တုံ့နဲ့ လက်သာဆေးလိုက်သည်...ဒါဟာ မပြောလဲ ရိပ်မိနေသည့် ကိစ္စပဲ...
"ကဲ စားမယ် စားမယ်...ဒီမှာ ဒေါ်ကြီးကို ဦးချပြီနော်..."
"ဟုတ်ပါပြီကွယ်...စား စား...ဝအောင်စား...ဒီကိုယ်လုံးလေးကလဲ စားသလောက်မဝလာဘူးနော်..."
"စားသမျှက ပါးမှာပဲ လာစုနေတာကိုး ဒေါ်ကြီးရဲ့... "
"ဟုတ်ပါ့ကွယ်...ငါ့သမီးက ပါးပဲဖောင်းဖောင်းလာတာ..."
ရယ်ရင်းမောရင်း ထမင်းစားပြီးတော့ ရွှေရုပ်က အိမ်ရှေ့က ကွပ်ပျစ်မှာ ထွက်ထိုင်ကာ လေညင်းခံသည်...မန်ကျည်းပင်အရိပ်မှာ ဆောက်ထားတာမလို့ အေးလှသည်လေ...
ဘာလိုလိုနဲ့ ဒီမှာလာနေဖြစ်တာ ၆လ ရှိခဲ့ပြီဖြစ်သည်... ထိုနေ့က မနှင်းရဲ့ တိုက်ခန်းမှာ ရှိနေတုန်း မမသစ္စာ ရောက်မလာဘဲ ဒေါ်ကြီးက ရောက်လာခဲ့သည်... ရွှေရုပ်ကို ဒေါ်ကြီးရဲ့ဇာတိမှာ လိုက်နေမလားဟု မေးလာတော့ သူမ ချက်ချင်းခေါင်းညိတ်ခဲ့မိသည်...
YOU ARE READING
ရွှေရုပ်
Romanceရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ... ရင္ဘတ္ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက်ကို ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ...