Extra 3

10.1K 551 31
                                    

Unicode

"ရွှေရုပ်...နေပါဦး မမကို စောင့်ဦးလေ..."

လက်ကို ကပျာကယာလှမ်းဆွဲလိုက်ပေမယ့် မမှီလိုက်ပေ။ရွှေရုပ်က ချာကနဲနေအောင် လှည့်ထွက်သွားကာ ဘေးက စက်ချုပ်ခန်းဆီကို သွားနေသည်။မျက်နှာလေးကလဲ ခပ်တည်တည်။အပြေးတပိုင်း လိုက်လာရင်းမှ ငါဘာများလုပ်မိလို့လဲဟု သစ္စာ ပြန်စဥ်းစားရသည်။ညကလဲ စိတ်မဆိုးပါဘူးဟု တွေးမိသေးသည်။

"ကလေး..."

ပြန်မထူးချေ။သေချာပေါက်ကို တစ်ခုခုစိတ်ကောက်သွားပြီဖြစ်သည်။အသည်းအသန်စဥ်းစားနေရင်းမှ သစ္စာ ပြုံးစိစိဖြစ်လာရသည်။ပျော်စရာကြီးပါပဲ။စိတ်ဆိုးနေတဲ့ကောင်မလေးကို လိုက်ချော့ရမည့်အခြေအနေ။စိတ်ရှိတိုင်းဆို အတင်းကို လိုက်နမ်းပစ်လိုက်မှာ။ဒါပေမယ့်လဲ မဖြစ်သေးချေ။တော်ကြာ အကပ်မခံတော့ရင် ကိုယ်ပဲ နေမထိထိုင်မသာဖြစ်နေရမှာ။

"ကျွတ်...ကပ်ကြေးကလဲ ဘယ်နားကို ရောက်နေပြန်တာလဲ..."

ကြမ်းပြင်မှာ ထိုင်ချလိုက်ရင်းက ရွှေရုပ်က အဝတ်စတွေကို ဟိုရွှေ့သည်ရွှေ့လုပ်သည်။မျက်မှောင်ပါ ကြုတ်ထားသည့် ပုံစံလေးကို သဘောတကျ ခိုးကြည့်နေရင်း ထွက်လာသည့် စိတ်တိုနေသည့်အသံကို ကြားရတော့ သစ္စာ ရယ်သံမထွက်အောင် မနည်းကို ထိန်းလိုက်ရသည်။စူပုပ်ပုပ်ဖြစ်နေသည့်မျက်နှာကို ကြည့်ရင်း ဆွဲမွှေ့ချင်လောက်အောင် အူယားလာတာကိုလဲ ထိန်းချုပ်နေရသေးသည်။

"နေ နေ...မမ ရှာပေးမယ်နော်..."

ဘာမှကို ပြန်မ​ဖြေဘဲ အဝတ်စတွေကို ဖြန့်ကြည့်နေသည်။သစ္စာကိုလဲ တမင်ကို မကြည့်မိအောင် ဟိုဘက်ကို အတင်းလှည့်ထားသေးသည်။အင်း ချော့ပေဦးတော့ သစ္စာရေ...။

"ဟော ဒီမှာတွေ့ပြီ..."

အပ်ချည်လုံးတွေ စုထည့်ထားသည့် ဘူးကြီးထဲရောက်နေသည့် ကပ်ကြေးကို မြှောက်ပြပြီး ပြောတော့ မျက်လုံးစွေကြည့်လာသည်။

"ရော့ ကလေးလေး..."

ကမ်းပေးလိုက်တော့ ရွှေရုပ်က လှမ်းယူလာသည်။ချက်ချင်းမထည့်ပေးသေးဘဲ လက်နောက်ပစ်ပြီး ပြန်ဖွက်လိုက်ကာ တမင်စောင်းထားတဲ့မျက်နှာဘက်ကို လိုက်စောင်းကြည့်ရင်း သစ္စာ ရယ်မိသည်။

ရွှေရုပ်Where stories live. Discover now