အပိုင်း ၁၀

8K 593 22
                                    

Unicode

"ဆရာဝန် ဘာပြောသွားလဲ နုနု..."

"ဟို ဘာမှမဖြစ်ဘူးလို့ ပြောသွားပါတယ်... မမလေးကလဲ နည်းနည်းလေးပဲ စားရသေးတာမို့လို့စိတ်မပူပါနဲ့တဲ့...ဆေးတွေလဲ ပေးသွားပါတယ်..."

"အေး ပြီးရော...ဒီနေ့ သူ့အနားမှာ နီးနီးကပ်ကပ်နေ...တစ်ခုခုဖြစ်တာနဲ့ ငါ့ကို ချက်ချင်း လာပြော..."

"ဟုတ်ကဲ့ပါ...သခင်မလေး..."

"ခုတော့ ငါ့အလုပ်ခန်းကို ခဏလာခဲ့ဖို့ သွားပြောလိုက်..."

မှာပြီးတာနှင့် အလုပ်ခန်းဘက်ကို လျှောက်လာလိုက်သည်...ရင်တစ်ခုလုံး မွန်းကြပ်နေကာ တစ်ခုခုကို ဆုံးရှုံးရမှာ ကြောက်နေသည့် ခံစားချက်တို့ကို သစ္စာ မသိချင်ယောင်ဆောင်ထားရသည်...သစ္စာသည် ဘယ်တော့များမှ ငြိမ်းချမ်းမည်လဲ...

မီးခံသေတ္တာထဲရှိ စာရွက်အချို့ကို ထုတ်ယူလိုက်ပြီး ရွှေရုပ်အလာကို အသင့်စောင့်နေလိုက်သည်...ခဏကြာတော့မှ မဝံ့မရဲနှင့် အခန်းဝရှေ့ရောက်လာသည့် ရွှေရုပ်ကို တွေ့ရသည်...

"ဝင်ခဲ့..."

အသာငုံ့လျှောက်လာရင်း ရွှေရုပ်က စားပွဲရှေ့ကို လာရပ်သည့်တိုင် သူက ထိုင်ပါလို့မပြောပါ...တော်တော်များ အဆူခံရတော့မည်လားဟု တွေးကာ ရွှေရုပ် စိတ်ညစ်လာသည်...ငယ်ငယ်တုန်းက မာလကာသီးတွေစားပြီး ဆေးရုံရောက်ခဲ့ရတာကို ရွှေရုပ်မှတ်မိပါသည်...ငယ်သေးသည်မို့ အစာအိမ်က လက်မခံနိုင်ဖြစ်ကာ အလူးအလဲခံခဲ့ရသည်...အဲတုန်းက ဝေဒနာ ခံစားနေရသည့် ရွှေရုပ်ထက်ကို မမက အူလှိုက်သည်းလှိုက် ငိုကြွေးခဲ့တာကို ရွှေရုပ် မှတ်မိပါသေးသည်...မမက မှာထား၍လဲ အဲကတည်းက မာလကာသီးကို မစားဖြစ်ခဲ့ပါ...ဒီနေ့တော့ ခြံနောက်မှာ သီးနေသည့် ဖြူပွပွအသီးတွေကို မြင်လိုက်ရတော့ ဘယ်လိုမှစိတ်မထိန်းနိုင်ဘဲ စားမိသွားသည်...သူအိမ်မှာ ရှိနေတာကို မေ့သွားလို့လဲ ပါပါသည်...ခုတော့ အဆူခံရတော့ပေမည်...

"အဲမှာကြည့်လိုက်..."

မဆူဘဲ စားပွဲထက်ကို ချပေးလာသည့် စာရွက်တွေကြောင့် ရွှေရုပ်အံ့သြသွားရသည်...သူ့ကို ကြည့်တော့လဲ ပုံမှန်ပင် ရွှေရုပ်ကို စိုက်ကြည့်နေသည်...စာရွက်တွေကို ရွှေရုပ်ကောက်ယူလိုက်သည်...

ရွှေရုပ်Where stories live. Discover now