အပိုင်း ၁၁

7.6K 593 6
                                    

Unicode

"ရွှေရုပ် မနေ့က ဘာလို့မလာတာလဲ..."

တွေ့လိုက်တိုင်း ချစ်ဖို့ကောင်းလိုက်တာလို့ တွေးမိသည့်အထိကို ရွှေရုပ်က ကုသိုလ်ကံထူးပါသည်...နှင်းလဲ ဘယ်ဘဝက ရေစက်ကြောင့်ရယ်မသိ ရွှေရုပ်ကိုဆို ကိုယ့်ညီမလေးလို ချစ်သည်...မနေ့က တစ်ရက် ရုံးမရောက်လာတာ နှင်းမှာ နေလို့တောင် မထိပါ...

"ရွှေရုပ်က လာချင်ပါတယ် မနှင်းရဲ့...အကျီတွေတောင် လဲထားပြီးမှ မမက ရုံးမသွားဘူးဆိုလို့ပါ...."

မမတဲ့လား...ရွှေရုပ်ကဖြင့် သစ္စာကို ချစ်ခင်သည့်ပုံလေးပါ...ခဏလေးပါသွားသော အသုံးအနှုန်းလေးမှာပင် အားကိုးတဲ့အရိပ် ချစ်တဲ့အရိပ်တွေ တွေ့နေရသည်...သစ္စာကတော့ ခပ်တင်းတင်းပါပဲ...နှင်းသည် တဖြည်းဖြည်းနဲ့ ရွှေရုပ်တို့အကြောင်းကို သိချင်လာသည်...သူများအကြောင်းမို့ အတင်းမေးလို့လဲ မကောင်းပါ...

"ရွှေရုပ်နဲ့ သစ္စာက တူတူနေတာလား..."

ရွှေရုပ်က မျက်နှာအနည်းငယ်ပျက်သွားသည်...ပြီးတော့မှ အသံတိုးတိုးနဲ့ ပြောလာသည်...

"ဟုတ် အဲလိုပါပဲ... "

မဖြေချင်တဲ့ အရိပ်အငွေ့တွေ ခံစားမိသွားတော့ နှင်းဆက်မေးဖို့ အားနာသွားသည်... ကိုယ်ဆိုလဲ သူများက ကိုယ့်အကြောင်းလာမေးလျှင် ကြိုက်မည်မဟုတ်ပါ...ထို့ကြောင့် ရွှေရုပ်ကိုပဲ ပြုံးပြလိုက်ကာ...

"ဒီနေ့တော့ တို့နည်းနည်း အလုပ်ရှုပ်လိမ့်မယ် ရွှေရုပ်ရေ... နောက်လထဲ အသစ်ထုတ်မယ့်ဒီဇိုင်းတွေအတွက် model ကိုယ်တိုင်းသွားယူရမယ်...အဲဒါ ရွှေရုပ်ကို ခေါ်သွားမလို့..."

"ဟုတ် မနှင်း...အခုသွားတော့မှာလား..."

"အခုတော့ မဟုတ်သေးဘူး...ချိန်းထားတာက ၁၁နာရီလောက်မှလေ...ကိုယ်စောစောသွားလဲ သူအားတဲ့အချိန်မှ ရမှာဆိုတော့ အဲအချိန်လောက်ပဲ မှန်းသွားကြမယ်...ပြီးတော့မှ အပြန်ရင် နေ့လည်စာ အပြင်မှာ စားကြတာပေါ့ ဟုတ်လား..."

"ဟုတ်ကဲ့ မနှင်း..."

"အခုတော့ တို့ကို ဒီ ဒီဇိုင်းလေးတွေ ကူကြည့်ပေးပါဦး..."

ရွှေရုပ်Where stories live. Discover now