💔16💔(Part1)

39.9K 3.5K 707
                                    

စိတ်ကြည်လင်တဲ့နေ့တွေဆိုတာသိပ်ရှားတယ်
ခုလိုနေ့မျိုးကတော့ မကြည်လင်တာထက်လွန်ပြီး
လောကတခုလုံးရုပ်ဆိုးနေတဲ့နေ့မျိုး......

မေမေနှစ်ပတ်လည်နေ့။
ဒီဝရံတာနေရာကို မေမေက သိပ်ကြိုက်ခဲ့တယ်
ဆုံးပါးသွားချိန်လည်းဒီဝရံတာမှာပဲ...
ဆေးတွေလွန်ပြီး လဲလျောင်းငြိမ်သက်နေခဲ့တာ.....။

Jeonက ဘယ်အရာကိုမှသိပ်အကြောက်အလန့်
မရှိတော့ဘူးဆိုတာလည်း...ကြုံတွေ့ခဲ့ရတဲ့
အရွယ်နဲ့မလိုက်တဲ့အတွေ့အကြုံဆိုးတွေက
Jeonနှလုံးသားနုနုကို သန်မာအောင်လေ့ကျင့်ပေးခဲ့လို့။

အနက်ရောင်အပေါ်ထပ်ဝတ်ရုံအရှည်ကြီးကို
ဝတ်ကာ ဝရံတာပေါ်လက်တစ်ဖက်တင်ထား
ပြီးစီးကရက်ဖွာနေခဲ့တဲ့Jeonဟာမျက်နှာတော်
ညို့မှိုင်းမှိုင်း.....။

မနက်စောစောပဲ မေမေ ထွက်သွားခဲ့တာ.....
သာမာန်နေ့ရက်တွေမှာတော့မေမေ့ကိုစိတ်ပင်ပန်းလို့
မေ့ထားရင်မေ့ထားလိုက်နိုင်ပေမယ့်
နှစ်ပတ်လည်နေ့မျိုးကတော့ လွမ်းသည်.....။

"ကျောင်းမတက်ဘူးလား Jeon...."

"မတက်ဘူး မေမေ ကျတော်စာမကျက်ချင်ဘူး
ကျတော်ပညာတတ်ဖို့လည်းမလိုပါဘူး
ကျတော်ချမ်းသာပီးသားပဲဟာ...."

မေမေထွက်မသွားခင်ရက်ပိုင်းကနောက်ဆုံး
မေးခဲ့သောခပ်ရိုးရိုးမေးခွန်းလေး....။
မိဘဆိုဆုံးမမှုမဲ့တဲ့ Jeonရဲ့ ပညာရေးဟာ
အထက်တန်းအောင်ပြီးရပ်သွားတယ်။
အဖေကလည်းစိတ်မဝင်စားခဲ့သလို အမေကလည်း
လိုက်ဂရုစိုက်မပေးနိုင်ခဲ့တော့ Jeonယိုယွင်းခဲ့တာပဲ။

မေမေစိတ်လိုလက်ရနောက်ဆုံးမေးခဲ့ပုံအရ
သူ့ကိုကျောင်းတက်စေချင်ပုံရသည်။
ဒါပေမယ့် Jeon ဟာ ငြင်းဆန်မှုကိုသာလုပ်ခဲ့သည်။
မေမေ့ဘက်ကလည်းဖိအားတွေထပ်မပေးခဲ့
ခေါင်းသာညိတ်ပြပြီး ပညာရေးကိစ္စဟာ
အရေးလည်းမပါခဲ့ဘူး...။

ကျောင်းပြန်တက်ရင်ကောင်းမလားဆိုတဲ့
ထူးထူးဆန်းဆန်းအတွေးတချို့ဝင်လာပြီး
အမြန်ဆုံးပျက်ပြယ်သွားခဲ့ပြန်သည်။
ဒီလိုပါပဲ မေမေ့ကို လွမ်းလာရင်...
မေမေပျော်အောင် ဘာတွေလုပ်ပေးချင်လို့
လုပ်ပေးချင်လာမှန်းမသိ....။

မောင်Where stories live. Discover now