💔24💔

45.6K 4K 1.9K
                                    

မောင်အရှုံးပေးလိုက်ပါပြီတဲ့.....။

မာယာကဝေလေးကစကားပြောတော့သိပ်ကောင်းပါသည်

ဖဲရှုံးရှုံးမရှုံးရှုံးလာအိပ်နေတဲ့ညတွေဟာ
Jimin အတွက်နှင်ထုတ်သင့်သလားလို့တွေးမိပေမယ့်
နှင်ထုတ်ရင်ရောထွက်သွားမယ့်အလိမ္မာမျိုးမှမဟုတ်တာ။
ညတွေအတူတူအိပ်ပြီးအတူတူနိုးထရတဲ့
မနက်တွေဟာ ဘယ်လိုအခြေအနေကြီးလဲလက်ညိုး
ထိုးစရာဖြစ်လာပေမယ့်မောင်ရောဆိုင်သူ
လေးရောကမသိချင်ယောင်ဆောင်နေကြသည်။

မမုန်းတော့တာပဲရှိတဲ့ ချစ်ခြင်းမေတ္တာခေါင်းစဉ်
မတပ်နိုင်သေးသောဆက်ဆံရေးမှာ
ဟိုလိုလိုဒီလိုလို.....။

Jimin ကပျော့ညံ့တယ်....။လွယ်လွယ်လေး
အရည်ပျော်ကျသွားတာပဲဆိုရင်လေ
Jiminပျော့ညံ့ခဲ့တာမဟုတ်ပါဘူး......။
ကျွန်းမှာထဲကခပ်ယဲ့ယဲ့နှလုံးသားကိုသတိထား
မိလာတယ်...။ဒီလူဆိုးအပေါ်ပြိုလဲလာတဲ့
ကိုယ့်စိတ်ကိုကိုယ်ကောင်းကောင်းသိလာတယ်..။
မာနကြီးသူမို့မသိသာပေမယ့်မောင်နမ်းရင်
ငြိမ်ကျသွားခဲ့ရတဲ့ဖြစ်ရပ်တွေကသက်သေ....။

လောကကြီးမှာကိုယ့်စိတ်ကိုအသေချာဆုံး
နားလည်ပြီးကိုယ်ဘာဖြစ်ချင်တာလဲ
ကိုယ်ဘာကိုလိုချင်တာလဲဆိုတာပိုင်ပိုင်နိုင်နိုင်
တွေးနိုင်တဲ့သူ သေချာရင်ရအောင်
ခေါင်းအေးအေးထားသိမ်းပိုက်ယူနိုင်ရင်အဆင်ပြေ
တာပဲ..။

အကျီစကိုဆောင့်ဆွဲခဲ့တဲ့အချိန်အရင်လို
မျက်နှာတည့်တည့်ရိုက်ချလို့ရပေမယ့်
KimTaeHyung မျက်နှာ ရောတခြားတခြား
စိတ်ခံစားချက်တွေရောနှောလာတာရောနဲ့
MD Parkက ခေါင်းသုံးခဲ့တယ်...။

မိုက်ရူးရဲဆန်လို့စိတ်မထိန်းနိုင်လို့ရက်ရက်စက်စက်
တွေလုပ်ခဲ့လို့ ဘဝတစ်ခုမှာ စွန့်လွှတ်ရပီးပီ..။
ပြင်းထန်တဲ့အမုန်းတွေကိုလက်ခံရပြီးပြီ။
ထပ်မမှားတော့ဘူး....။

အဓိက ကဒါကိုသူများကိုမပေးချင်နေဘူး...။
မပေးချင်ရင်ကိုယ်ရအောင်ထိန်းရမယ်...
Jimin ကကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတဲ့လူမျိုး
မှမဟုတ်တာသူဘာလုပ်ရမလဲတိတိကျကျသိတဲ့လူ။

မောင်Where stories live. Discover now