တိတ်ဆိတ်နေတဲ့ နန်းဆောင်ထဲဝယ်၊
သေရည်ကို မူးရူးအောင်သောက်နေတဲ့
အရှင် ရှိခဲ့တယ်။ခွမ်း! ခွမ်း!
စိတ်သိပ်ကြီးတဲ့အရှင်ပေါ့၊ သေရည်သောက်မယ်စိတ်မလိုရင်မလိုသလို အနားရှိတာရိုက်ခွဲမယ်။
အပျော်ကြူးမယ် သို့သော် ကာမမရူပ်။"သေရည်လာဆက်စမ်း!!"
သြဇာငြိမ့်ညောင်းတဲ့အသံကြောင့်အရှင်
ဖြစ်လေသလား၊ အရှင့်ရဲ့အသံကပဲ သြဇာအာဏာငြိမ့်ညောင်းလေသလား။"မြန်မြန်လာဆက်စမ်းး!!!"
အိစက်ငြိမ့်ညောင်းတဲ့မွေ့ယာထက်ခြေထောက်ချိတ်ကာလှဲလှောင်းရင်း အရှင်ဆိုလိုက်သည်။
ပြာယာခတ်နေတဲ့အမတ်တွေကတော့ အရှင့်လေသံအောက် ပြားပြားဝပ်လို့။"မြန်မြန်မလာဖူးလား!!"
ခွမ်း! !ခွမ်း!!
ဂျုယန်းရဲ့အရှင်၊ သိပ်ဒေါသကြီးပြီးအာဏာကြီးတဲ့ ဂျုယန်းရဲ့
ပန်းရိုင်းလေးတစ်ပွင့်။
အကြင်နာဆိုတာ မရှိသလောက်ကို
ရှားပါးတဲ့ အရှင် ဂျွန်ဂျောင်ဂု။****
"
ကင်ဆော့ဂျင်! လူသစ်ကောင်လေး
မြန်မြန်လာစမ်း!"
အရှက်ကြီးတဲ့ကင်ဆော့ဂျင်ကို ကချေသည်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူက အော်ခေါ်သည်။
သူလည်းခပ်သုတ်သုတ် ခေါင်းဆောင်အနား
ပြေးသွားတော့ နီရဲအောင်ဆေးမူန်တွေခြယ်သထားတဲ့ သူမ မျက်နှာ။"ပြောပါ ခေါင်းဆောင်!"
"ဒီည အရှင့်ကိုပြုစုရမယ်၊ လူသစ်ဆိုတော့
တစ်ခါထဲ သိသင့်တာတွေပါ ငါပြောထားမယ်
အရှင်ကဒေါသကြီးတယ် စိတ်မလိုရင်ပစ္စည်းတွေရိုက်ခွဲတတ်တယ် အဲ့တော့ သတိဝီရီယနဲ့သာပြုစုလိုက်!""ဗျာ! ဟုတ်....ဟုတ်ကဲ့"
ခေါင်းလေးငုံ့ကာအမိန့်နာခံတဲ့ဆော့ဂျင်။
သူ့ဘဝက ဒီကချေသည်အဖွဲ့ထဲရောက်ခဲ့သည်မှာတစ်နှစ်တောင်မပြည့်သေးပါ။
မိဘမဲ့ တစ်ကောင်ကြွတ်ဖြစ်မဲ့အစား ရွာထဲက
အသိတွေက ကချေသည်အဖွဲ့ထဲဝင်လိုက်၊
ကောင်းစားလိမ့်မယ်ဆိုလို့ ဝင်ခဲ့တာ။
YOU ARE READING
ပန်းရိုင်း
Fanfiction"ပန်းလေးတစ်ပွင့်ခူးမိတယ် ဘာဖြစ်လို့လွှင့်လိုက်တယ်။ သူ့ရဲ့နှလုံးသားဟာသိပ်ရိုင်းတယ်" "ပန်းတစ်ပွင့်နဲ့ မောင့်အချစ် မယုံမရှိနဲ့ သိပ်ရိုင်းတယ်" Cover crd 22.august.2021>>Rank 1 🌸 23.august.2021>>Rank2 🌸