စစ်ပွဲအဆုံးသတ်

1.5K 215 30
                                    

ဝုန်း။

ဝုန်းဆိုတဲ့အသံနောက်မှာ ဆော့ဂျင်ကမ္ဘာကြီးပျက်လုမတတ်၊ ဂျောင်ဂုရင်လည်းကွဲလု
မတတ်ဖြစ်သွားခဲ့ရတယ်။

အရာအားလုံးဟာ မျက်စိတစ်မှိတ်မှာတင်
ပျက်စီးသွားတော့မလို။
ဖြစ်ခဲ့သမျှ ချစ်ခဲ့သမျှတွေက ခဏလေးမှာပဲ
ပြိုလဲပျက်စီး တော့မလိုပါပဲ။

ချောက်ကမ်းပါးမှာရပ်နေတဲ့မယ်မယ်ဟာ
မီးတုတ်ကြီးရမ်းပြီးခြေချော်ရင်း ချောက်ထဲ
ရူ့မလှပြုတ်ကျသွားခဲ့တယ်။

ပျားရည်လေး။
ပျားရည်လေးကတော့ အသက်ရှင်ခဲ့တယ်။
ကလေးအသက် နတ်စောင့်တယ်ဆိုတဲ့စကားကမှန်လေမလား၊ အမတ်မင်ကပဲ လျင်မြန်လေခဲ့မလား။
သိပ်စဉ်းစားစရာပါပဲ။

'ဝုန်း!'

“ပျားရည်လေး!!!”

“သားငယ်!!!”

“အမတ်မင်!”

အမတ်မင်ကိုအော်ခေါ်သံနှင့်အတူရှေ့ကိုပြေးထွက်လာတဲ့ သူမကတော့ ဂျယ်အရှင်မ။
ချောက်ထဲပြုတ်ကျတဲ့ မယ်မယ့်လက်ထဲက
ပျားရည်လေးကို လျင်မြန်စွာဆွဲဖမ်းပြီးနောက် ပြုတ်ကျလုနီးပါးဖြစ်နေတဲ့ ကလေးတစ်ဖက်နဲ့ အမတ်မင်ကို ဂျောင်ယုံးက တစ်ဖန် ပြန်ဖမ်းလိုက်သည်။

ဘုတ်!

နှစ်ယောက်သားဖက်လျက်သားအနေအထားဖြင့် အရှင်နဲ့ဆော့ဂျင်ရှေ့မှာလဲကျသွားသည်။
ပျားရည်လေးကတော့ အမတ်မင်လက်ထဲ
အနည်းငယ်လွန့်လူးနေသည်။

“အမတ်...အမတ်မင် ရရဲ့လား!”

သူမကိုယ်ပေါ်ကလေးတစ်ဖက်နဲ့ပိနေတဲ့
အမတ်မင်ကို အသည်းအသန်မေးသည်။
ခေါင်းအသာလေးငြိမ့်ပြတော့မှ သူမလည်း
စိတ်အေးသွားရသည်။

“သားငယ်!”

အမတ်မင်ရင်ခွင်ထဲက ပျားရည်‌လေးကို
အရှင့်အပိုင်လေးက အူအူဖျားဖျားချီလိုက်သည်။အရှင်ကတော့ ဆော့ဂျင်ပခုံးကိုကိုင်ကာ မျက်ရည်တွေဝေစွာဖြင့် ယွန်ဂီကို
ကြည့်နေသည်။

ထို့နောက် မျက်ရည်တွေကြားမှာပဲယွန်ဂီ့ကိုသေချာကြည့်ရင်းဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်...ယွန်ဂီ”တဲ့။

ပန်းရိုင်းWhere stories live. Discover now