ချစ်ခြင်းမေတ္တာ

825 145 39
                                    

မိုးသောက်သည်နှင့် မြှားပစ်ကျင့်နေသည့်
ဂျောင်ယုံးဟာ စစ်သည်တော်အချို့နှင့်အတူ
ကွင်းပြင်ထဲ ရောက်ရှိနေပြီဖြစ်သည်။

“ဇွပ်"

ပထမမြှားချက်ဟာ ချက်ခေါင်းရဲ့အပေါ်ကို
ရောက်ရှိသွားသည်။စိတ်တိုင်းမကျပေမယ့်
တိုးတက်မှုနှေးကွေးသော မြှားပစ်နူန်းဟာ
သူမနဲ့ ဘယ်လိုမှနေသားမကျသေး။

“ဟာ! အခုထိ မတိုးတက်သေးဖူး!”

စိတ်မရှည်စွာပင် မြှားတံများကိုမြေပြင်ပေါ်ပစ်ချလိုက်သည်။ထို့နောက် မြေပြင်ပေါ်မှာတင်
ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ကို
ပိုက်ထားပြီး မျက်နှာဟာပျက်ယွင်းလျက်။

သူမအနေနဲ့ မြှားရေးကလွဲလို့ကျန်တာအကုန်
တော်သည်။ ဓားသိုင်းလည်းကျွမ်းသလို စစ်ဆင်ရေးမှာလည်း ညဏ်ကောင်းပေမယ့်
ဒီမြှားကျမှ......။

“ဂျောင်ယုံး!”

ချိုချိုသာသာအသံလေးကြားလိုက်သည့်နှင့်တစ်ပြိုင်နက် တင်းမာနေသော မျက်နှာ‌ဟာ
ပြေလျော့သွားသည်။အနောက်ကိုလှည့်ကြည့်လေတော့ သူ့အားမတ်တပ်ရပ်ရင်းပြုံးပြနေတဲ့
အစ်ကိုတော်။

“ဟင်! နိုးနေကြပြီလား”

ထိုင်ရာမှထကာနူတ်ဆက်လိုက်တော့ အစ်ကိုတော်ကခေါင်းငြိမ့်ကာ သူ့အနားကိုလျှောက်လာသည်။

“အင်း.....ငါက အစောကြီးနိုးတတ်တယ်လေ။
ဟိုသားအဖတွေကတော့ မနိုးသေးဖူး....”

“အော်....ထိုင်လေ....ဒီနေရာကနေ နေထွက်တာ
ကြည့်ရင်သိပ်လှတာ”

ပြောပြောဆိုဆိုပင် သူမက အရင်ထိုင်လိုက်သည်။ထို့နောက် အရှင်ကလည်း သူမဘေးတွင်
ဝင်ထိုင်လိုက်သည်။

နှစ်ယောက်သားပခုံးချင်းမဆိုသလောက်ထိပေမယ့် စကားလုံးတွေကတော့ အဝေးဆုံးမှာ။
သူတို့မောင်နှမကြားမှာ နွေးထွေးမှုဆိုတာ
ရွှေထက်ရှားသည့် အရာ။

“မြှားပစ်နေတာလား”

အစ်ကိုတော်က ပြန့်ကျဲနေသောမြှားတံများကို
ကောက်ရင်းမေးလိုက်သည်။

“အင်း....အစကတော့ ပစ်မှတ်ကို‌ပစ်လိုက်တာပဲ
အခုတော့ မြေပြင်ပေါ်ကိုပစ်လိုက်ရပြီ”

ပန်းရိုင်းWhere stories live. Discover now